တရုတ်နှင့်ရုရှားတိုက ပစိဖိတ်သမုဒ္ဒရာ၌ ပူးတွဲစစ်ရေးလေ့ကျင့်


(နိုင်ငံတကာ) ဇူလိုင် ၁၆

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှရေတပ်ဖွဲ့များက ပစိဖိတ်သမုဒ္ဒရာ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

Maritime Joint-2024 ဟုအမည်ပေးထား သော အဆိုပါသုံးရက်ကြာ စစ်ရေးလေ့ကျင့်ခန်းကို တရုတ်နိုင်ငံ ကျန့်ကျန်းမြို့အနီး၌ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်ခန်းသည် ရေတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအရ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းတည်ငြိမ် ရေးကို ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စတုတ္ထအကြိမ်မြောက် လုပ်ဆောင်သော ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့၌ ပူးတွဲရေကြောင်းကင်းလှည့်မှုသည် မည်သည့် တတိယ အဖွဲ့အစည်းကိုမျှ ပစ်မှတ်ထားခြင်းမရှိကြောင်း၊ လက်ရှိ နိုင်ငံတကာ၊ ဒေသတွင်းအရေးတို့နှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ဇူလိုင်လ ၁၄ ရက်တွင် စတင်သည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါစစ်ရေးလေ့ကျင့်ခန်း၌ ရုရှားနိုင်ငံ၏ ပစိဖိတ်စစ်ရေယာဉ်စုမှ စစ်သင်္ဘောနှစ်စင်း ပါဝင်လျက် ရှိကြောင်း TASS သတင်းဌာနက ဇူလိုင်လ ၁၅ ရက်တွင် ဖော်ပြထားသည်။

NATO အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်လာနေစဉ် ယခုစစ်ရေး လေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း RT သတင်းဌာန တွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ