ဥရောပနှင့် ဆက်ဆံရေးလမ်းကြောင်းမှန် သတ်မှတ်ရန် အီရန်သမ္မတသစ်ဆို


(နိုင်ငံတကာ) ဇူလိုင် ၁၅

ရွေးကောက်ခံ အီရန်သမ္မတသစ်သည် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးလမ်းကြောင်းမှန် သတ်မှတ်ရန် မျော်လင့်ကြောင်းပြောကြားခဲ့သည်။

“အမှားအယွင်းတွေရှိနေပေမယ့် အပြန်အလှန်လေးစားမှုနဲ့ တန်းတူညီမျှမှုကို အခြေခံမူတွေအပေါ်အခြေခံပြီး ဥရောပနိုင်ငံတွေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခု ချမှတ်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေသတွင်း သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

သမ္မတအသစ် Masoud Pezeshkian သည် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးဝါဒီဟု နာမည်ကြီးကာ အီရန်နိုင်ငံ၏ ဘာသာရေးဆိုင်ရာ တင်းကြပ်မှုများအား တက်နိုင်သ၍ ဖြေလျှော့ပေးမည်ဟု သတင်းများထွက်ပေါ်နေသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ