အမဲသားစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


(နိုင်ငံတကာ) ဇူလိုင် ၁ ၅

အမဲသားစားခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


(နိုင်ငံတကာ) ဇူလိုင် ၁ ၅

အမဲသားက အရသာရှိရုံတင်ကမဘဲ ကျန်းမာရေးအတွက် အာဟာရလည်း ကြွယ်ဝပါတယ်။ အမဲသားမှာ သံဓာတ်ပါဝင်နှုန်းတွေဟာ ကြွယ်ဝစွာပါဝင်ပါတယ်။

သံဓာတ်က လူသားတွေအတွက် များစွာ အရေးကြီးပါတယ်။ သံဓာတ်ချိုတဲ့ရင် အားနည်းတာ၊ ခေါင်းမူးတာတွေဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

နောက်ကောင်းကျိုးတစ်ခုကတော့ ပရိုတင်းဓာတ် ကြွယ်ဝစွာရရှိတာပဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်က ကြက်ဥ၊ တိုဖူးတိုမှာရသလိုပဲ အသားထဲမှာဆိုရင် အမဲသားက အများဆုံးရရှိတာဖြစ်ပါတယ်။

ဘာကြောင့် ပရိုတင်းဓာတ်က အရေးကြီးလဲဆိုတော့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်အတွင်း ကြွက်သားတွေတည်ဆောက်ရာမှာ အရေးကြီးပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ကြီးထွားတဲ့အရွယ်၊ ငယ်တဲ့အရွယ်တွေမှာ ပရိုတင်းဓာတ်က အရေးကြီးပါတယ်။

အမဲသားမှာ ဇင့်နဲ့ Selenium ဓာတ်တွေပါဝင်ပြီး ဇင့်နဲ့ Selenium ဓာတ်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို မြှင့်တင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးတွေမှာပါဝင်တဲ့ Omega 3 က အမဲသားမှာလည်း အများကြီး ပါဝင်ပါတယ်။ Omega 3 က နှလုံး၊ ဦးနှောက်နဲ့အသည်း စနစ်တွေကို ကောင်းမွန်စေပါတယ်။

နောက်ပြီးတော့ အမဲသားမှာ ဗီတာမင် B Complex ပါဝင်ပါတယ်။ ဗီတာမင် B Complex က ဦးနှောက် မှတ်ဉာဏ်ကို ပိုကောင်းစေပြီး အာရုံစိုက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ အဲဒါကြောင့် ကျောင်းနေအရွယ်ကလေးတွေ ဆိုရင် စာသင်ကြားရာမှာ များစွာအကျိုးပြုစေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ