အကြမ်းဖက် PDF ၂ ဦးမှ မင်းတုန်းမြို၊ ဇင်းကျန်အုပ်စု ထွေအုပ် စာရေးအား သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၁ ၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို၊ ပန်းတောကျေး ရွာတွင် ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က အကြမ်းဖက် PDF ၂ ဦးမှ ထွေအုပ်စာရေးတစ်ဦးအား သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် မင်းတုန်းမြို့နယ်၏ မြောက်ဘက်(၁၀)မိုင်ခန့် အကွာ၊ ပန်းတောအုပ်စု၊ ပန်းတောကျေးရွာနေ ဦးအေးအောင်၊ အသက် ၅၃ နှစ် ဇင်းကျန်ကျေးရွာအုပ်စုစာရေးသည် ဇနီးဖြစ်သူနှင့် အတူရှိနေစဉ် အကြမ်းဖက် PDF ခေါင်းဆောင်(စိစစ်ဆဲ)၊ အင်အား ၂ ဦးတို့မှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဦးအေးအောင်အား ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ကျောက်တိုင်သစ်ဆိပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်ခန့်တွင် မင်းတုန်းမြို့နယ်၏ မြောက်ဘက်(၁၇)မိုင်ခန့်အကွာ၊ ပန်းတောကျေးရွာ၏ မြောက်ဘက်(၇)မိုင်ခန့်အကွာ၊ ထန်းညှောက်တင်ကျေးရွာအနီး၊ ပုသိမ်-မုံရွာကား လမ်း အနောက်ဘက်ရှိ ကျောက်တိုင်သစ်ဆိပ်ကွင်းထိပ်၌ ပက်လက်အနေအထားဖြင့် ဦးခေါင်းယာဘက်ပွင့်ထွက်ဒဏ်ရာ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ ဦးအေးအောင်၏ အလောင်းအား ဖြူစင်နှလုံးသား နာရေးကူညီမှု အသင်းနှင့် ချိတ်ဆက်သယ်ဆောင်ပြီး မင်းတုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ