လုပ်ကြံပစ်ခတ်ခံရမှုအပြီးတွင် သမ္မတဟောင်းထရမ့်အပေါ်လူထုထောက်ခံမှုမြင့်တက်

(နိုင်ငံတကာ) ဇူလိုင် ၁၅
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် စနေနေ့တွင်ဖြစ်ပွားခဲ့သည့် လုပ်ကြံပစ်ခတ်မှုအပြီး လူထုထောက်ခံမှု မြင့်တက်ခဲ့ကြောင်း စစ်တမ်းများကဖော်ပြထားသည်။
ထရမ့်အား ပစ်ခတ်မှုဖြစ်အပြီး နာရီပိုင်းအကြာတွင် အမေရိကန်နှင့် ကမ္ဘာအဝှမ်းမှ ထင်ရှားကျော်ကြားသူများမှ ၎င်းအတွက် ဆုတောင်းစာများ ပေးပို့ရေးသားခဲ့ကြသည်။
အမေရိကန်နိုင်ငံမှ ကမ္ဘာနံပါတ် (၁) သူဌေး အီလွန်မက်စ်ကလည်း ထရမ့်အားထောက်ခံကြောင်း ရေးသားဖော်ပြခဲ့သည်။
သမ္မတဟောင်းထရမ်၏ လက်သီးလက်မောင်းတန်းကာ ကြွေးကြော်နေသည့် ဓာတ်ပုံသည် အမေရိကန်မှ ဂေါ့ဖ်၊ လက်ဝှေ့၊ NBA နှင့် နယ်ပယ်အသီးသီးမှ အနုပညာရှင်များ လူထုအပေါ် ဩဇာကြီးမားသူများ ပြန်လည်မျှဝေကာ ထောက်ခံကြောင်း ပြသခဲ့သည်။
လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ကြားနေဟု သတ်မှတ်ထားသည့် ပြည်နယ်အချို့လည်း ထရမ့်အား ထောက်ခံမှုမြင့်တက်ခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြလျက်ရှိသည်။

#PAN