မြောက်ပိုင်းအကြမ်းဖက်အဖွဲ့အား ဥပဒေကြောင်းအရ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL)နှင့် အာဆီယံရဲတပ်ဖွဲ့(ASEANAPOL) သို့တင်ပြပြီး အရှိန်မြှင့်ဆောင်ရွက်သင့်ကြောင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြောကြား

ဇူလိုင် ၁၅

မြောက်ပိုင်းမဟာမိတ်အဖွဲ့(MNDAA/TNLA/AA) တွေကို ဥပဒေကြောင်းအရ အကြမ်းဖက်အဖွဲ့အဖြစ်၊ အကြမ်းဖက်သမားများအဖြစ် ကြေညာပြီး နိုင်ငံ တကာရဲတပ်ဖွဲ့(INTERPOL)နှင့် အာဆီယံရဲတပ်ဖွဲ့ (ASEANAPOL) သို့တင်ပြပြီး အရှိန်မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က ဥပဒေပညာရှင်အချို့နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ MNDAA/TNLA/AA) အဖွဲ့ က ၁၀၂၇ ဆိုသည့် စစ်ဆင်အမည်ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်လုပ်ငန်းများပြုလုပ်မြို့များကို ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ပြုလုပ်မှုများကြောင့် အရပ်သားပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြကြောင်း၊ အရပ်သားပြည်သူအများအပြား နေရပ်စွန်ခွာ ထွက်ပြေးကြရကြောင်း၊ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့ဒေသတွင် နေထိုင်ကြသော ၎င်းတို့လူမျိုးစုမှလွဲ၍ အခြားတိုင်းရင်းသားလူမျိုးစုများကို ထိုနယ်မြေမှ နှင်လွှတ်ခဲ့ကြောင်း၊ ပြည် ထောင်စုမြန်မာနိုင်တွင် တိုင်းရင်းသာလူမျိုးစု ၁၃၅ မျိုးက ရှေးပဝေသဏီကာလကတည်းက အတူတကွ နေထိုင်လာခဲ့ကြကြောင်း ထည့်သွင်းပြောကြာခဲ့သည်။

      အဆိုပါ ဆွေးနွေးပွဲကို ဇူလိုင်လ ၇ ရက်နေ့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ နေ့လည် ၁၁၀၀ နာရီအချိန်တွင်  ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ အကြောင်းအရာများ၊ အကြမ်းဖက်တိုက်ဖျက်မှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတော် လုံခြုံရေး၊ ကာကွယ် ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များအား တက်ရောက်လာသူ ဥပဒေပညါရှင်အချို့နှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

#PAN