Facebook နှင့် Instagram တိုက ထရမ့် ၏ အကောင့်များကို ပြန်ဖွင့်


(နိုင်ငံတကာ) ဇူလိုင် ၁၄

လူမှုကွန်ရက်များဖြစ်သော Facebook နှင့် Instagram တို့က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ၏ အကောင့်များကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လူမှုကွန်ရက်များသည် ဒေါ်နယ်ထရမ့် ၏ အကောင့်များကို နှစ်နှစ်ကျော်ကြာပိတ်ထားခဲ့ခြင်းဖြစ်သည်။

“အမေရိကန်သမ္မတဟောင်းနဲ့ လက်ရှိရီပတ်ဘလစ်ကန်ပါတီမှ သမ္မတကိုယ်စားလှယ်လောင်း ထရမ့် ကို ဘယ်လိုအရေးယူမှုမှ မပြုလုပ်တော့ပါဘူး” ဟု အဆိုပါ လူမှုကွန်ရက်များ၏ ပင်မကုမ္ပဏီဖြစ်သော မတ်တာ ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်လွှတ်တော်အဆောက်အအုံ၌ ဆူပူမှုများဖြစ်ပွားပြီးနောက် ထိုဆူပူမှုများသည် ထရမ့် နှင့် ဆက်စပ်နေသည်ဟုဆိုကာ အဆိုပါ လူမှုကွန်ရက်များက ထရမ့် ၏ အကောင့်များကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် အမေရိကန်ပြည်သူများသည် သမ္မတကိုယ်စားလှယ်လောင်းများ၏ အသံများကို ညီတူညီမျှ ကြားခွင့်ရှိသင့်ကြောင်း မတ်တာကုမ္ပဏီ၏ ကမ္ဘာ့ရေးရာဌာန အကြီးအကဲက လူမှုကွန်ရက်တွင်ရေးထားသည်။

လက်ရှိသမ္မတနှင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒင် ၏ မဲဆွယ်စည်းရုံးရေး အဖွဲ့ကမူ မတ်တာကုမ္ပဏီ၏ ယခုလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ