ဥရောပနှင့် ဆက်ဆံရေးကို မှန်ကန်သောလမ်းကြောင်းအပေါ် ဆွဲတင်သွားမည်ဟု အီရန်ရွေးချယ်ခံသမ္မတ မှပြောဆို

(နိုင်ငံတကာ) ဇူလိုင် ၁၃

အီရန်၏ ရွေးကောက်ခံသမ္မတ Masoud Pezeshkian က ဥရောပနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ဆက်ဆံရေးအမှားအယွင်းတွေရှိနေခဲ့ပေမဲ့ အပြန်အလှန်လေးစားမှုနဲ့ တန်းတူညီမျှမှုအခြေခံမူတွေအပေါ် အခြေခံပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ချမှတ်နိုင်ဖို့ ဥရောပနိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ဖို့ မျှော်လင့်နေပါတယ်” ဟု Pezeshkian က အင်္ဂလိပ်ဘာသာဖြင့် Tehran Times သတင်းစာတွင် ရေးသားခဲ့သည်။

Pezeshkian က “ဥရောပနိုင်ငံတွေဟာ မိမိကိုယ်ကိုယ်အထင်ကြီးမှု နှင့်ပတ်သတ်သော အကျင့်ဆိုးတွေကိုဖယ်ချလိုက်သည်နှင့် တပြိုင်နက် မိမိတို့နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာရှိကြောင်း” Pezeshkian က ဆက်လက်ပြောကြားခဲ့ပါတယ်။

“ဥရောပနိုင်ငံများသည် ဤကတိကဝတ်များအားလုံးကို တည်ခဲ့ခြင်းမရှိပဲ JCPOAစာချုပ်အရ အီရန်နိုင်ငံကသာ လိုက်နာရမည့်တာဝန်အားလုံးကို တစ်ဖက်သတ် ကျေပွန်ရန် အကျိုးအကြောင်းမဆီလျှော်စွာ မျှော်လင့်နေပုံရသည်။” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ကတိကဝတ်များတွင် “ဘဏ်လုပ်ငန်းဆိုင်ရာငွေကြေး လွှဲပြောင်းမှုများကို အဆင်ပြေစေရန်၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများမှ ကုမ္ပဏီများကို ထိရောက်စွာ အကာအကွယ်ပေးရေး၊ အီရန်တွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးတို့ ပါဝင်သည်။”

နှလုံးခွဲစိတ်ဆရာဝန်နှင့် ဥပဒေပြုအမတ် အသက် ၆၉ နှစ်အရွယ် Pezeshkian သည် ပြီးခဲ့သည့်စနေနေ့တွင် အီရန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်း၏ပြိုင်ဘက် အီရန်နျူကလီးယားစေ့စပ်ညှိနှိုင်းရေးမှူးဟောင်း Saeed Jalili ကို အနိုင်ရရှိကာ ပြည်တွင်းနှင့် နိုင်ငံတကာတွင် တင်းမာမှုများမြင့်တက်နေချိန်၌ ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည်။

ပြုပြင်ပြောင်းလဲရေးသမားသည် အထူးသဖြင့် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်၏ရန်ဘက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရေးကို ရွေးချယ်ခဲ့ပြီး ၎င်းသည် နိုင်ငံ၏ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ်ရှု မြင်သူလဲဖြစ်သည်။

“အီရန်၏ကာကွယ်ရေးအယူဝါဒတွင် နျူကလီးယားလက်နက်များ မပါဝင်ကြောင်း အလေးပေးပြောကြားလိုပြီး ယခင်က မှားယွင်းသောဆောင်ရွက်မှုများမှ သင်ခန်းစာယူကာ ပေါ်လစီများကိုပြုပြင်ပြောင်းလဲရန် အမေရိကန်အား တိုက်တွန်းလိုပါသည်” ဟု Pezeshkian က ရေးသားခဲ့သည်။

“ဝါရှင်တန်ရှိ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ဒေသတွင်းနိုင်ငံများအချင်းချင်း ရန်တိုက်ပေသော မူဝါဒသည် ယခုလဲ မအောင်မြင်သလို အနာဂတ်တွင် လည်း အောင်မြင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် Ayaah Seyyed Ali Khamenei က နိုင်ငံ့အရေးအားလုံးနဲ့ ပတ်သက်ပြီး အထူးပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါသည်။ Pezeshkian သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များတွင် အနောက်နိုင်ငံများနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးကို ပြုလုပ်လိုသူများအား ရှုတ်ချလေ့ရှိသည့် Khamenei အား အဆုံးစွန်အထိရင်ဆိုင်သွားမည်ဖြစ်သည်။

ဇွဲ (Hydro)

#PAN