အမရပူရမြို့နယ်တွင် ဈေးရောင်းပြီး အိမ်ပြန်လာသည့် ရာအိမ်မှူးအား အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမဲသားရောင်းပြီး အိမ်ပြန်လာသည့် ရာအိမ်မှုးအား အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က သာလေစွကျေးရွာနေ ရာအိမ်မှုး ဦးကျော်စိန်၊ အသက် ၅၁ နှစ်သည် သမီးဖြစ်သူ မချစ်ချစ်ဇော် နှင့်အတူ မန္တလေးမြို့၊ စျေးချိုတွင် အမဲသားရောင်းပြီး နေအိမ်သို့ ဆိုက်ကလုန်း(အနက်ရောင်)ဆိုင်ကယ်ဖြင့် သမီးဖြစ်သူ မချစ်ချစ်ဇော်အား နောက်မှလိုက်ပါစေ၍ ​မောင်း နှင်လာရာ စစ်ကိုင်း-မန္တလေးကားလမ်း၊ ဗားကရာလမ်းကွေ့၊ အိမ်မက်ချိုဘီယာဆိုင်ရှေ့အရောက်တွင် အနောက်မှကပ်လျှက် ဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်ပါ လာသော အမည်မသိ အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ပြီး စစ်ကိုင်း-မန္တလေးလမ်းအတိုင်း တောင်ဘက်သို့ ဆက်လက်မောင်းနှင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးကျော်စိန်တွင် ယာဘက်ပါးမှ ဝဲဘက်ပါးသို့ ဖောက်ထွက်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားခဲ့ရကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ