ပုသိမ်မြို့နယ်၊ ဂျိတ်လတ်ကျေးရွာတွင် ရာအိမ်မှူး တစ်ဦး၏ မိခင်ဖြစ်သူအား အကြမ်းဖက် PDF ၅ ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်


(ပြည်တွင်း) ဇူလိုင် ၁၄

ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လတ်ကျေးရွာတွင် ရာအိမ်မှူး တစ်ဦး၏ မိခင်ဖြစ်သူအား ဇူလိုင် ၁၄ ရက်နေ့ ၀၀း၃၀ အချိန်ခန့်တွင် အကြမ်းဖက် PDF ၅ ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဂျိတ်လတ်ကျေးရွာ ရာအိမ်မှူး ဦးမြင့်စိုး၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြိုင်၊ အသက် ၆၇ နှစ်သည် နေအိမ်တွင်ရှိနေစဉ် အမည်မသိ အကြမ်းဖက် PDF ၅ ဦး ရောက်လာပြီး “ဦးမြင့်စိုးရှိလား တံခါးဖွင့်ပေး” ဟုပြောဆိုပြီး နေအိမ်တံခါးအား အတင်းဖွင့်ခိုင်းခဲ့ရာ ဒေါ်ခင်ကြိုင်မှ မဖွင့်ပေးသဖြင့် အဆိုပါ အကြမ်းဖက် PDF ၅ ဦးမှ နေအိမ်တံခါးအား ရိုက်ဖွင့်ခဲ့ပြီး ၂ ဦးမှာ အိမ်အပြင်မှ စောင့်နေပြီး ၃ ဦးမှာ လက်နက်များ(စိစစ်ဆဲ)ကိုင်ဆောင်၍ နေအိမ်ပေါ်တက်လာပြီး ဒေါ်ခင်ကြိုင်၏ သားဖြစ်သူ ရာအိမ်မှူး ဦးမြင့်စိုး၊ အသက် ၅၂ နှစ်၏ အမည်အားမေး၍ ရှိ/မရှိလိုက်လံရှာဖွေနေစဉ် ဒေါ်ခင်ကြိုင်မှာ နေအိမ်နောက်ဖေးပေါက်မှ ဆင်း၍ပြေးခဲ့ရာ ခြံဝင်းအတွင်းရှိ အိမ်သာအနီးအရောက်တွင် အဆိုပါ သူများမှ ၁၂ ဗို့ ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်သဖြင့် ၎င်း၏ ညာဘက်ပေါင် ဘောစိ ဖောက်ဝင်ခဲ့ရာ ဒဏ်ရာ ၅ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF ၅ ဦးမှာ ကျေးရွာ၏ အနောက်ဘက်တောအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အခင်းဖြစ်ရပ်အား စစ်ဆေးခဲ့ရာ ၁၂ ဗို့ ကျည်ခွံ ၂ တောင့်အား တွေ့ရှိခဲ့ရပြီး လူနာအား စက်လှေဖြင့် ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ