(နိုင်ငံတကာ) ဇူလိုင် ၁၄
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲအကြိုလူထုစည်းဝေးပွဲ၌ စနေနေ့က ဖြစ်ခဲ့သောပစ်ခတ်မှုကြောင့် ရွေးကောက်ပွဲအား ပြန်လည်အနိုင်ရရန် အလားအလာများ ပိုမိုမြင့်တက်လာပြီး ၎င်း၏အောင်ပွဲအပေါ် လောင်းကြေးငွေ ရောင်းဝယ်မှုများသည် ယခုလာမည့်အပတ်တွင် တိုးလာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဇူလိုင် ၁၃ ရက်က ပင်ဆယ်ဗေးနီးယားတွင် လူထုစုဝေးပွဲအတွင်း Trump ၏ နားရွက်ကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ထရန့်သည် တိုက်ခိုက်မှုအပြီးတွင် ၎င်း၏မျက်နှာတွင် သွေးများ ရွှဲရွှဲစိုနေပြီး ၎င်း၏မဲဆွယ်စည်းရုံးမှုအပြီးတွင် သူဘာမှမဖြစ်ပဲ အဆင်ပြေပါသည်ဟု ပြောကြားခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ရီပတ်ဘလစ်ကန် ရွေးကောက်ခံဖြစ်သော Ronald Reagan ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အပြီး ပထမဆုံး ပစ်ခတ်မှုလဲဖြစ်သော ရီပတ်ဘလစ်ကန်ရွေးကောက်ခံ ထရန့်ကိုပစ်ခတ်မှုအပြီးတွင် ထရန့် နှင့် နှင့် သမ္မတ ဂျိုးဘိုင်ဒန် တို့ကြား နိုဝင်ဘာ 5 ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲပြန်လည်ပြိုင်ဆိုင်မှုကို အနိုင်အရှုံးသဲကွဲသွားစေနိုင်သည်။
သမိုင်းအရ ရေဂင်ဟာ သူ့ကိုလုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းခံခဲ့ရမှု အပြီးမှာ မဲရုံတွေတွင် ၂၂ မှတ်အထိ ထိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်မို့ရွေးကောက်ပွဲသည် အပြတ်အသတ် အနေအထားဖြစ်နိုင်ဖွယ်ရှိသည်။ ဒါက ရွေးကောက်ပွဲအတွက်မသေချာမရေရာမှုကို လျော့ပါးစေနိုင်ပါတယ်” ဟု Vantage Point Asset Management မှ ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ် မစ္စတာ နစ်ဂ်ဖယ်ရီ က ပြောကြားခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များနှင့် အမေရိကန် နိုင်ငံရေးသမားများက အဆိုပါ ပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး Tesla အကြီးအကဲ Elon Musk အပါအဝင် လုပ်ငန်းဆိုင်ရာ အမှုဆောင်အချို့က Trump ကို ထောက်ခံကြောင်း ကြေညာခဲ့သည်။
လွန်ခဲ့သည့် နှစ်ပတ်က သမ္မတ စကားစစ်ထိုးပွဲ၌ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် ၏ မတည်မငြိမ်စွမ်းဆောင်ချက်များကြောင့် ဘိုင်ဒန့်အနေဖြင့် ထရန့် ကို အနိုင်ယူနိုင်စွမ်း အပေါ် အလှူရှင်များ၊ ထောက်ခံသူများနှင့် ဒီမိုကရက်များထံမှ သံသယများ ကြီးထွားလာခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် စီးပွားရေးသည် အမေရိကန်မဲဆန္ဒရှင်များအတွက် အဓိကပြဿနာဖြစ်ပြီး Reuters/Ipsos စစ်တမ်းများအရ၊ မစ္စတာဘိုင်ဒင်၏ ငွေကြေးဖောင်းပွမှုနှေးကွေးပြီး အလုပ်လက်မဲ့နည်းပါးသည့် စီးပွားရေးစနစ်မှ အကျိုးအမြတ်ရနေသည့်တိုင် Trump သည် စီးပွားရေးအတွက် ပိုမိုကောင်းမွန်သော ကိုယ်စားလှယ်လောင်းအဖြစ်ရှုမြင်နေကြသည်။
ဇွဲ (Hydro)
#PAN