ရေနံချောင်းမြို့နယ်တွင် လက်ဖက်ရည်ထိုင်သောက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်


(ပြည်တွင်း) ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သစ်တပွေရပ်ကွက်၊ ရွှေဘုံသာရပ်၊ သခင်ဖိုးလှကြီးလမ်း‌ပေါ်ရှိ ပိတောက်ဖူး လ္ဘက်ရည်ဆိုင်တွင် ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က လက်ဖက်ရည်ထိုင်သောက်နေသည့် ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ဝင်ရောက် ပစ်သတ် သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူ ဦးသန်းထွေးနှင့် အိုးဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် ပိတောက်ဖူး လ္ဘက်ရည်ဆိုင်တွင် ရှိနေစဥ် ၎င်းတို့ လ္ဘက်ရည်ဝိုင်းနှင့် ကပ်လျက်တွင် ထိုင်နေသည့် အသက် ၂၅ ခန့်၊ အနက်ရောင်အင်္ကျီ လက်တို၀တ်ဆင်ထားပြီး ပုဆိုးအနက်‌ရောင်ကွက်စိတ် ၀တ်ဆင်ထားသည့်အ​ကြမ်းဖက်အုပ်စု PDF ၂ ဦးမှ ထလာ၍ ဦးသန်းထွေး အား သေနတ်အတိုဖြင့် အနောက်မှကပ်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွေးတွင် ယာချိုစောင်းဖောက်၀င် ဒဏ်ရာ ၁ ချက်၊ ဝဲပါးဖောက်ထွက်ဒဏ်ရာ ၁ ချက် ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ အခင်းဖြစ်ရပ်အနီးတွင် LUGER ၉ မမ ကြေးရောင်ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ပြီး အကြမ်းဖက် PDF အဖွဲ့သည် သခင်ဖိုးလှကြီးလမ်းအတိုင်း အရှေ့ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ