မြေငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဇနီး နှင့် ကျေးရွာသား ၃ ဦးတို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဆင်တဲကျေးရွာအနီးတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က သေဆုံးသူ ဦးမျိုးဝင်းထွန်း နှင့် ဇနီး ဒေါ်စန်းစန်းရင် တို့သည် နေထိုင်ရာ ပုဏ္ဏားခြံကျေးရွာအတွင်း ရေများ ဝင်ရောက်လာ၍ နေအိမ်ရှိ နွားများအားရေလွတ်ရာသို့ ရွှေ့ပြောင်းစဥ် အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် တံတားဦးမြို့နယ်၊ ဆင်တဲကျေးရွာမြောက်ဘက်ရှိ ရေတွင်းအနီး၌ မြေငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးမျိုးဝင်းထွန်း၊ အသက် ၄၀ နှစ်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)အား ဦးခေါင်း ယာဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-နားရွက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ပါးစပ်နှင့် ဝဲဘက်ပါး ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများ၊ နောက်ကျော ကျည်ဖောက်ထွက်ဒဏ်ရာများ၊ ယာဘက်တင်ပါး ကျည်ဖောက် ထွက်ဒဏ်ရာ ၁ ချက်၊ ဆီးခုံ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ၎င်း၏ ဇနီး ဒေါ်စန်းစန်းရင်၊ အသက် ၄၀ နှစ်အား ယာဘက်ပါး ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ရင်ညွန့် ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်သား ကျည်ဖောက်ဝင် နောက်ကျော ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-ပုခုံး ကျည် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့သည်။

၎င်း အကြမ်းဖက်သမားများသည် နံနက် ၇ ခွဲ အချိန်ခန့်တွင် တံတားဦးမြို့နယ်၊ မြေငူကျေးရွာသို့ ဆက်လက်သွားရောက်ပြီး မြေငူကျေးရွာရှိ ဦးကျော်ကျော်ဇင်၏ နေအိမ်ရှေ့တွင် ဦးရန်အောင် နှင့် ဦးစိုးသူတို့အား ၎င်းတို့နေအိမ်များမှ ဖမ်းဆီး၍ ခေါ်ဆောင်သွားပြီး ၃ ဦးလုံးအား သေနတ်ဖြင့်ပစ်ခတ်သတ် ဖြတ်သွားကြောင်း သိရှိရသည်

ဦးရန်အောင်၊ အသက် ၄၉ နှစ်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)အား ယာ-မျက်လုံး ကျည်ဖောက်ဝင်/ယာ-နားနောက် ကျည်ဖောက်ထွက်ဒဏ်ရာဖြင့်လည်းကောင်း၊ဦးစိုးသူ၊ အသက် ၃၈ နှစ်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)အား ဝဲဘက်နား ကျည်ဖောက်ဝင်/ယာ-နားရွက်နောက် ပွင့်ထွက်ဒဏ်ရာဖြင့်လည်းကောင်း၊ဦးကျော်ကျော်ဇင်၊ အသက် ၃၇ နှစ်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)အား ဝဲ-လက်မောင်း တံတောင်ဆစ်နား ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ၊ဝဲဘက်ပုခုံး ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ၊ ဝဲဘက်ပုခုံးအပေါ် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲဘက်နံကြား ကျည်ဖောက်ထွက်ဒဏ်ရာ နဖူးကျည်ဖောက်ဝင်/နောက်စေ့ ပွင့်ထွက်ဒဏ်ရာ၊ ယာဘက်ပုခုံး ညှပ်ရိုး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာဘက်နံကြား ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ၊ ယာဘက်မေးစေ့ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ