မြန်မာ့ကုန်သွယ်ရေးနှင့် ပြောင်းဆီ ၊စားအုန်းဆီ၊ဖွဲနုဆီကဏ္ဍ

မြန်မာ့ကုန်သွယ်ရေးနှင့် ပြောင်းဆီ ၊စားအုန်းဆီ၊ဖွဲနုဆီကဏ္ဍ

အပိုင်း (၂)

(ဆောင်းပါး)

ယခင် အပတ်တွင် တင်ပြခဲ့သော မြန်မာ့​ကုန်သွယ်ရေးနှင့် ပြောင်းဆီ၊စားအုန်းဆီ၊ဖွဲနုဆီကဏ္ဍ အပိုင်း (၁) ၏ အစကို အနည်းငယ်ပြန်၍ သုံးသပ်ရသော် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ မကြာသေးမီ နှစ်များအတွင်း ကုန်သွယ်မှုလိုငွေပြမှုကို ယေဘုယျအားဖြင့် ကြုံတွေ့ခဲ့ရသည်။

အဆိုပါလိုငွေပြမှုအနေနဲ့ လူသုံးကုန်ပစ္စည်းများနှင့် စက်မှုပစ္စည်းများကို နိုင်ငံခြားမှတင်သွင်းမှုအပေါ် မှီခိုမှု၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မျက်များကဲ့သို့ သဘာဝသယံဇာတမျာကိုလည်း အကန့်အသတ်ဖြင့် သာတင်ပို့မှု စသည်တို့အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် လည်းဖြစ်နိုင်သည်ဟုသုံးသပ်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ချိန်ခွင်လျှာသည် နိုင်ငံ၏သဘာ၀ သယံဇာတ တင်ပို့မှု အထူးသဖြင့် သဘာဝဓာတ်ငွေ့​အပေါ် သိသိသာသာ မှီခိုနေသည် ဟုစစ်တမ်းများအရသိရှိနိုင်သည်။

ကုန်သွယ်မှုလိုငွေပြခြင်းသည် နိုင်ငံခြားငွေအရန်ငွေများကို ဖိအားဖြစ်စေပြီး ငွေကြေးတည်ငြိမ်မှုကို ထိခိုက်စေခြင်းနှင့် အလုံးစုံစီးပွားရေးတိုးတက်မှုကို ထိခိုက်လွှမ်းမိုးခြင်းတို့ကြောင့် မြန်မာ့စီးပွားရေးကို ထိခိုက်နိုင်သည် ဟုလဲသုံးသပ်နိုင်ပါသည်။ ကုန်သွယ်မှု ဟန်ချက်ညီခြင်း သို့မဟုတ် အပေါင်းလက္ခဏာကုန်သွယ်မှုသည် ရေရှည်အတွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်မရှိမဖြစ်လိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ရေးသွင်းကုန်များကိုလေ့လာကြည့်လျှင် သန့်စင်ပြီးရေနံအနေဖြင့် အမေရိကန်ဒေါ်လာ ၅.၂ဘီလျှံဖိုးကျော်၊ ရေနံစိမ်း ၉၆၆ မီလျှံ၊ ရာဘာအပေါ့စားချည်ထည်မှာ မီလျှံ ၇၄၀ ကျော် နှင့် စားအုန်းဆီ ၇၄၀ မီလျှံဖိုး ခန့် တင်သွင်းခဲ့ပါသည်။

သန့်စင်ပြီးရေနံ၊ ရေနံစိမ်း၊ ရာဘာအပေါ့စား နှင့် ပတ်သတ်လျှင်ယခင်အပတ်ဆောင်းပါး၌ တင်ပြခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံ ဆီကဏ္ဍ နှင့်ပတ်သတ်၍ ယခင်အပတ် တွင်

ပြောင်းဆီ၏အကြောင်းကိုမိတ်ဆက်အပြီး မြန်မာနိုင်ငံတွင် တင်သွင်းမှုအများဆုံးထဲတွင်ပါဝင်သောစားအုန်းဆီ ထုတ်လုပ်မှု၏ အဓိက ကဏ္ဍများကို ဆက်လက် တင်ပြပါမည်။

အဆိုပါကဏ္ဍများမှာ

၁။အဓိက စိုက်ပျိုးမြေများ

စိုက်ပျိုးရေးဧရိယာများအနေဖြင့် ဆီအုန်းစိုက်ပျိုးရန် အဓိကသင့်လျှော်သောဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီးတွင် သင့်လျော်ပြီး ရာသီဥတုကောင်းမွန်ပြီး စိုက်ခင်းများအတွက် မြေနေရာ ကျယ်ဝန်းသော နယ်မြေလည်းဖြစ်သည်။

၂။ စီးပွားရေ အခွင့်အလမ်းများ

စားအုန်းဆီလုပ်ငန်းသည် အလုပ်အကိုင် အခွင့်အလမ်းများ ပေးစွမ်းပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်သည် ကို သွင်းကုန်အချက်အလက်များအရ သိနိုင်သည်။ စားအုန်းဆီ ထုတ်လုပ်ခြင်းလုပ်ငန်းသည် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို တိုးမြှင့်ရာတွင် အထောက်အကူဖြစ်စေသည်။

၃။ အခက်အခဲများ

(က)ဆီအုန်းစိုက်ခင်းများ တိုးချဲ့ခြင်းသည် သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် ဒေသခံလူထုအပေါ် သက်ရောက်မှုများ အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်လာစေသည်။

(ခ)မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်သော လုပ်ငန်းရှင်နည်းပါးသည့် ပြသနာသည်လဲ ဆီအုန်းလုပ်ငန်းကိုထိခိုက်နေပါသည်။ ငယ်ရွယ်သောလူငယ်များသည် ပြည်ပထွက်ဖို့သာအားသန်နေကြပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုစျေးကွက်ကိုဝင်လိုကြခြင်း မရှိကြပါ။ လုပ်ငန်းများလုပ်ကိုင်ရာတွင် ငွေကြေးအရင်းအနှီးသည်အဓိက ဖြစ်သောကြောင့် အစိုးရအနေဖြင့် မြေငှားရမ်းကာ အရင်းအနှီးထုတ်ချေးခြင်း အားဖြင့်သော်လည်းကောင်း ပေါ်လစီအသစ်များ ချမှတ်၍ ဆီအုန်းစိုက်ပျိုးရန်အတွက် အထူးပင် ပြည်သူကိုတိုက်တွန်းသင့်ပါသည်။

နိုင်ငံပိုင်သတင်းစာများတွင်သာမက ပြည်သူအများသိရှိလာစေရန် ရသမျှနည်းပေါင်းစုံနှင့် ကြိုးစားခြင်းဖြင့် နိုင်ငံ၏ ဆီအုန်းထုတ်လုပ်မှု လုပ်ငန်းကို အမြန်ဆုံးတိုးတက်စေနိုင်ပါသည်။

ပြည်ပသို့တင်ပို့ခြင်းမရှိနိုင်ခဲ့လျှင်ပင် အမေရိကန်ဒေါ်လာ ၇၄၀ မီလီယံ တန်ဖိုးရှိ ပြည်တွင်းစျေးကွက်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ပင်လျှင် ကြီးစွာသော ကုန်သွယ်ရေးလိုငွေကို ဖြေရှင်းနိုင်မှာပဲဖြစ်ပါသည်။

အထက်ပါအချက်အလက်များအရ ဆီအုန်းလုပ်ငန်းသည် စျေးကွက်အခိုင်အမာရရှိထားပြီး ဖြစ်သည်ကို အလွယ်တကူပင်ကောက်ချက်ချနိုင်မှာပဲဖြစ်ပါသည်။ အစိုးရ၏တိုက်တွန်းမှုနှင့် ပြည်သူလူထု၏ ကြိုးစားမှုတို့ ပေါင်းခဲ့ပါက ဆီအုန်းကဏ္ဍသည် ခဏချင်းပင် တိုးတက်လာနိုင်သော ကဏ္ဍပင်ဖြစ်ပါသည်။

ဒုတိယ အနေဖြင့် ဖွဲနုဆီဟုခေါ်သော ဆီ တစ်မျိုးဖြစ်ပါသည်။

ဖွဲနုဆီဟုလည်း လူသိများသော ဆန်ဆီသည် စပါးစေ့နှင့် စပါးခွံအတွင်းပိုင်းမှ ထုတ်ယူရရှိနိုင်ပါတယ်။ ဖွဲနုဆီရဲ့အာဟာရ အကျိုးကျေးဇူးများနှင့် အချက်အပြုတ် ဘက်စုံသုံးနိုင်မှုကြောင့် မကြာသေးမီ နှစ်များအတွင်း ရေပန်းစားလာခဲ့တာပဲဖြစ်ပါသည်။

ဆန်စပါးအလွန်ထွက်သောမြန်မာပြည်အနေဖြင် ဖွဲနုဆီသည်လည်း နိုင်ငံ၏ ဆီလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါသည်။

ဖွဲနုဆီနှင့်ပတ်သတ်၍ ထုတ်ယူခြင်းလုပ်ငန်းစဉ် မှာ စပါးစေ့၏ အပြင်ဘက်အလွှာဖြစ်သည့် ဖွဲနုမှ ထုတ်ယူပြီး ဆန်စက်တွေမှာတော့ ဘေးထွက်ပစ္စည်းအနေဖြင့် ရရှိတာပဲဖြစ်ပါသည်။ဖွဲနုဆီကိုတော့ အဆီထုတ်ယူခြင်း သို့မဟုတ် အအေးခံနည်းများဖြင့် ထုတ်ယူလို့ရနိုင်တယ်လို့ဆိုပါသည်။

ဖွဲနုဆီသည် ဗီတာမင် E၊ ဂမ်မာ-အော်ရီဇန်နောနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျိုးမျိုးတို့ ပါဝင်သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းချက်ဆီ ရွေးချယ်မှုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဖွဲနုဆီမှာတော့ မပြည့်ဝဆီနှင့် ပိုလီမပြည့်ဝဆီများ ကြွယ်ဝစွာပါဝင်ပြီး ၎င်းသည် ပြည့်ဝဆီများထက် ကျန်းမာရေးနှင့်ညီညွတ်သော အခြားရွေးချယ်စရာပဲဖြစ်ပါသည်။

ဖွဲနုဆီကိုတော့ ကြော်ခြင်း၊ မွှေကြော်ခြင်းနှင့် နက်ရှိုင်းစွာကြော်ခြင်းကဲ့သို့ အပူချိန်မြင့်သော ချက်ပြုတ်နည်းများအတွက် သင့်လျှော်တာမို့ ဆီအုန်းအပေါ်မှီခိုမှုကိုလဲအများကြီးလျော့ချနိုင်မှာပဲဖြစ်ပါသည်။

ဖွဲနုဆီမှာတော့ နူးညံ့သောအရသာရှိပြီး ဟင်းချက်ခြင်းနှင့် အသုပ်သုပ်စားခြင်းနှစ်မျိုးလုံးအတွက် အဆင်ပြေပါသည်။

ကျန်းမာရေးအကျိုးကျေးဇူးများအနေနဲ့ ဖွဲနုဆီစားသုံးခြင်းသည် ကိုလက်စထရောပမာဏကို လျော့ကျစေခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချခြင်းနှင့် ၎င်း၏မပြည့်ဝဆီများနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားခြင်းကြောင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်းအပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာနှင့် ဆက်စပ်နေသည်။

အချက်အပြုတ်အသုံးပြုမှုများအပြင် ဖွဲနုဆီကို အရေပြားထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များအတွက် အလှကုန်လုပ်ငန်းတွင် အသုံးပြုနိုင်ပြီး အဆိုပါဆီရဲ့ စိုစွတ်တဲ့ ဂုဏ်သတ္တိနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှုများကြောင့်လည်း သုံးနိုင်တာဖြစ်ပါသည် ။အထူးသဖြင့် moisturizers ၊ lotions နဲ့ hair care products တွေမှာ သုံးလေ့ရှိပါသည်။

ဖွဲနုဆီ သည် အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ အာရှနိုင်ငံများ အပါအဝင် ဆန်စပါးအထွက်နှုန်း သိသိသာသာ ကောင်းမွန်သော နိုင်ငံတွေမှာ ထုတ်လုပ်ပါသည်။ ဖွဲနုဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများနှင့် အချက်အပြုတ် နှစ်သက်မှုတို့ကြောင့် ၎င်းကို ကမ္ဘာ့ဈေးကွက်များတွင် ပိုမိုရရှိလာပါသည်။

ထိုသည်ကိုကြည့်ခြင်းဖြင့် ဆန်စပါးထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံများထဲတွင်ပါဝင်သော မြန်မာနိုင်ငံအနေဖြင့် ဖွဲနု မှ ဆီ ထုတ်လုပ်ခြင်းကို အကြီးအကျယ်ပြုလုပ်နိုင်ခဲ့ပါက ဒေသဝင်ငွေ အလွန်အမင်းပင်တိုးတက်လာနိုင်ကာ ပို့ကုန်အဆင့်အထိ ထုတ်လုပ်နိုင်ကြောင်းလဲ ထောက်ပြ လိုပါသည်။

အစိုးရအနေဖြင့်လည်း ဆီအုန်းကဲ့သို့ပင် အထူးချေးငွေများကို ပြည်သူများသို့ ထုတ်ချေးကာ ဖွဲနုဆီ ထုတ်လုပ်ခြင်း နည်းပညာများဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပြီး ပြည်သူများကပါ ဝိုင်းဝန်းဆောင်ရွက်ခြင်း ပြုလုပ်ကြရန်ကိုလည်း အစိုးရအနေဖြင့် တိုက်တွန်းသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

ဇွဲ (Hydro)

#PAN