မက္ကဆီကိုမြောက်ပိုင်း တက္ကဆက်အနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိကျောင်း ၂၀၀ ထက်မနည်း မြို့များအတွင်းသို့ဝင်ရောက်

(နိုင်ငံတကာ) ဇူလိုင် ၁၂

ဟာရီကိန်း ဘာရယ်နှင့် အစောပိုင်း အပူပိုင်းမုန်တိုင်း အယ်လ်ဘာတိုတို့ ဖြစ်ပေါ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု​ဖြစ်ခဲ့သော မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Tamaulipas ရှိ မြို့ပြဒေသများသို့ မိကျောင်း အယောက် ၂၀၀ ထက်မနည်း ရောက်ရှိလာခဲ့ကြောင်း တက္ကဆက်ပြည်နယ်နှင့် ဖက်ဒရယ်အာဏာပိုင်များက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ဇွန်လတွင် အယ်လ်ဘာတိုမုန်တိုင်းကြောင့် ပြင်းထန်စွာမိုးရွာအပြီး မိကျောင်းကြီး အကောင်၂၀၀ ခန့်ကို ဖမ်းဆီးကာ နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဘာရယ် ဟာရီကိန်းမုန်တိုင်းသည် လည်း ယခုသီတင်းပတ်အစောပိုင်းက တက္ကဆက်တောင်ပိုင်းတွင် ကုန်းမြေမကျရောက်မီ အဆိုပါနေရာကို ပဲ အဖျားခတ်ခဲ့ပါသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းရိုးတန်းဒေသများအတွင်း ရှိ ကန်များ မြစ်များ မှ ရေများမြင့်တက်လာကာ Tampico နှင့် အနီးနားရှိ Ciudad Madero နှင့် Altamira မြို့များတွင် ရေများလျှံခဲ့ပြီး အဆိုပါမြို့များတွင် အနည်းဆုံး မိကျောင်း ၁၆၅ ကောင်ကို ဖမ်းမိပြီး နေရာရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

Tamaulipas ပြည်နယ် သဘာဝပတ်ဝန်းကျင်ဌာန အကြီးအကဲ Karina Lizeth Saldívar က “မကြာသေးမီက မိုးရွာသွန်းမှုကြောင့် ရေကန်များအတွင်း ရေပမာဏ မြင့်တက်လာခဲ့ပြီး မိကျောင်းများကို ခဏခဏမြင်တွေ့နေရကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လအတွင်းက အဆိုပါဧရိယာတွင် မိကျောင်း ၄၀ ခန့်ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး လူနေမှု မရှိသော သင့်လျော်သည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ရုံးချုပ်က ပြောသည်။

“လမ်းများနှင့် ရေနုတ်မြောင်းများကဲ့သို့ ရေလျှံခဲ့သောနေရာများတွင် ရေများ ကျလာသည်နှင့်အမျှ မိကျောင်းများ ကိုပိုမိုမြင်ရသည်မှာ သေချာသည်” ဟု အဆိုပါရုံးမှ ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာအသုံးပြုသူများသည်  မိကျောင်းများစွာ ကိုမြို့ထဲတွင်မြင်ရသည့် ဗီဒီယိုဖိုင်အား ယခုသီတင်းပတ်အတွင်း လွှင့်တင်သောအခါ အဆိုပါပြဿနာက ပေါ်ထွက်ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်ကြောင့် ဆိုရှယ်မီဒီယာတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်ဟု ဌာနက ဆိုသည်။

မိကျောင်းများသည် မက္ကဆီကိုတွင် ကာကွယ်ထားသော မျိုးစိတ်ဖြစ်သည်။ မက္ကဆီကိုတွင် မိကျောင်းတိုက်ခိုက်မှုသည် ရှားပါးသော်လည်း ဖြစ်ပွားတတ်ကြောင်းသိရသည်။

ဇွဲ (Hydro)

#PAN