2023 ခုနှစ်အတွင်း စင်္ကာပူတွင် မိမိကိုယ်ကို သတ်သေမှု 322 ခု ရှိကြောင်းသိရ


(နိုင်ငံတကာ) ဇူလိုင် ၁၂

စင်ကာပူတွင် နှစ် 20 ကျော်အတွင်း ပထမဆုံးအကြိမ် သတ်သေမှုနုန်းထားအနိမ့်ဆုံးသို့ လျော့ကျသွားသည်။ စင်္ကာပူနိုင်ငံတွင် ယမန်နှစ်က မိမိကိုယ်ကို သတ်သေမှု စုစုပေါင်း ၃၂၂ မှု ဖြစ်ပွားခဲ့ကြောင်း နှင့် အနှစ် ၂၀ ကျော်အတွင်း အနိမ့်ဆုံး အရေအတွက်ဖြစ်ကြောင်း စင်ကာပူ Samaritans (SOS) မှ သောကြာနေ့ (ဇူလိုင် ၁၂ ရက်) တွင် ပြောကြားခဲ့သည်။

SOS မှထုတ်ပြန်သောအချက်အလက်များအရ အသက်အရွယ်အုပ်စုအားလုံးတွင် ပထမဆုံးအကြိမ် သတ်သေမှုနုန်း ကျဆင်းသွားခြင်းနှင့်အတူ 2022 ခုနှစ်နှင့် ယှဥ်လျှင် 32.4 ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း SOS မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

၂၀၂၂ ခုနှစ်တွင် စင်္ကာပူတွင် မိမိကိုယ်ကိုယ် သတ်သေမှု ၄၇၆ မှု ဖြစ်ပွားပြီးနောက် သိသိသာသာ ကျဆင်းလာကာ အဆိုပါ ၂၀၂၂ ခုနှစ်တွင်သတ်သေမှုသည် အနှစ် ၂၀ ကျော်အတွင်း အမြင့်မားဆုံး အရေအတွက်ဖြစ်သည်။
အသက် 10 နှစ်မှ 29 နှစ်ကြား လူငယ်များသည် လွန်ခဲ့သည့်နှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်နှင့် ယှဥ်လျှင် တွင် မိမိကိုယ်ကို သတ်သေမှု 31.2 ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။

သို့သော်၊ SOS မှ မှတ်ချက်ချသည်မှာ ၄င်းအသက်အုပ်စုတွင် သေဆုံးမှုအားလုံး၏ 30%မှာ သတ်သေခြင်းကြောင့် ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်

2021 ခုနှစ်မှ 2023 ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အရေအတွက်သည် အသက် 20 အတွင်းရှိသူများတွင် အများဆုံးဖြစ်သည်။ ဒီလူငယ်တွေဟာ အကူးအပြောင်းများစွာကို ဖြတ်သန်းနေရပြီး ပြဿနာပေါင်းများစွာကို ရင်ဆိုင်နေကြရတယ်လို့ SOS ရဲ့အရာရှိချုပ် Mr Phua Chun Yat က ပြောပါတယ်။

၎င်းတို့တွင် အလုပ်အကိုင်၊ မိသားစု၊ ငွေကြေးနှင့် အချစ်ရေးဆိုင်ရာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော ပြဿနာများအပြင် အမှီအခိုမရှိပဲရပ်တည်နိုင်ရန် ကြိုးစားကြခြင်းတို့လည်း ပါဝင်သည်။

“မှီခိုနေရာမှ လွတ်လပ်သောကိုယ့်အားကိုယ်ကိုးရသည့်အချိန်သို့ ကူးပြောင်းရန် အပြောင်းအလဲများစွာ နှင့် တာဝန်ယူရမှုများစွာ ရှိပြီး၊ ထိုကဲ့သို့အမှီအခိုကင်းမှသာ ၄င်းတို့ ၏ မိဘ သိူ့မဟုတ် မှီခိုခဲ့သောသူများ ၊မိသားစုများအပေါ် ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးနိုင်မည်” ဖြစ်ကြောင်း Mr Phua မှ ပြောကြားခဲ့သည်။

“ဒါကြောင့်မို့ အဲဒီကာလမှာ လူငယ်တွေအတွက် ဖိအားတွေများနေတယ်ထင်တယ်” ဟုမှတ်ချက်ပေးခဲ့ပါသည်။ 2023 ခုနှစ်အတွင်း သတ်သေမှု 322 မှုတွင် သေဆုံးသူ 222 ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် 100 ဦးမှာ အမျိုးသမီးများဖြစ်သည်။

2019 ခုနှစ်မှ 2023 ခုနှစ်အတွင်း အမျိုးသားများ သတ်သေမှု အရေအတွက်သည် အမျိုးသမီးများထက် သိသိသာသာ မြင့်မားခဲ့သည်။ ဒါဟာ စင်္ကာပူအတွက် အထူးအဆန်းမဟုတ်သလို နိုင်ငံတကာမှာလည်း တွေ့မြင်နေရပါတယ်လို့ Mr Phua က ဆိုပါတယ်။

“အကူအညီတောင်းဖို့ ရင်ဖွင့်ဖို့ အမျိုးသားတွေက ပွင့်လင်းမှုနည်းတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်… ပြဿနာရဲ့အစမှာ ယေဘုယျအားဖြင့် အမျိုးသားတွေက ရှင်သန်ရပ်တည်လိုစိတ် ဆန္ဒမရှိတော့တာ ကြောင့်မို့လို့ ကျွန်တော်ထင်ပါတယ်။”

၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာများကို ပုံမှန်ဖွင့်ဟပြောဆိုခြင်းနှင့် “စွမ်းရည်မရှိ ညံ့ဖျင်းသူ” ကဲ့သို့ ပြောဆိုမှုများကို နာကျင်ခြင်း စိတ်ထိခိုက်ရခြင်း စသည်တို့သည် အရေးကြီးကြောင်း၊ မိသားစုနှင့် သူငယ်ချင်းများ မှာ ကူညီပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ကြောင့်၊ SOS သည် အသက် 13 နှစ်နှင့်အထက် လူငယ်များကြားတွင် မိမိကိုယ်ကို သတ်သေနိုင်ခြေကို လျှော့ချရန်နှင့် ဘေးကင်းရေး အစီအစဥ်ကွန်ယက်ကို ချဲ့ထွင်ရန် Mindful Bytes ဟုခေါ်သော ပဏာမခြေ လှမ်းကို ပြီးခဲ့သည့်နှစ်တွင် စတင်ခဲ့သည်။

အဆိုပါ အစီအစဉ်သည် မိမိကိုယ်ကို သတ်သေနိုင်ခြေရှိသည့် အဆိုပါ လူငယ်များအား online မှ ထိတွေ့ဆက်ဆံရန် ရည်ရွယ်ပါသည်။ ယမန်နှစ်တွင် မိမိကိုယ်ကို သတ်သေမှု သိသိသာသာ ကျဆင်းလာမှုအပေါ် စိတ်ကျန်းမာရေး အင်စတီကျု (IMH) ၏ တွဲဖက်ပါမောက္ခ Daniel Fung မှ ကဏ္ဍအလိုက် အေဂျင်စီများ၊ဆေးရုံများမှ လူမှုဝန်ဆောင်မှု အဖွဲ့အစည်းများအထိ မိမိကိုယ်ကို သတ်သေမှု တားဆီးရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးမှုများစွာကို ပြုလုပ်ခဲ့ခြင်းကြောင့် လျော့ကျလာခဲ့သည် ဟု မှတ်ချက်ပြုခဲ့သည်။

CNA သတင်းဌာန
PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay – 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

TZ #SZ