ဝိုင်းမော်မြို့ပေါ်တွင် Shan Ni Judiciary (ရှမ်းနီတရားစီရင်ရေးအဖွဲ့) စာသားပါကတ်ပြားများအသီးသီးတင်ထားသော ရုပ်အလောင်း ၂ လောင်းတွေ့ရှိ


(ပြည်တွင်း) ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က ဝိုင်းမော်မြို့၊ ရပ်ကွက် (၁)ရှိ ပန်းခြံလှေကားအနီးတွင် အမည်မသိ အမျိုးသားရုပ်အလောင်း ၁ လောင်းနှင့် ရပ်ကွက် (၃) လမ်းမကြီးပေါ်တွင် အမည်မသိအမျိုးသားရုပ်‌လောင်း ၁ လောင်းတို့အား တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ရုပ်အလောင်းများပေါ်တွင် Shan Ni Judiciary (ရှမ်းနီတရားစီရင်ရေးအဖွဲ့) စာသားပါ ကတ်ပြားများအသီးသီးတင်ထားခဲ့ကြောင်း၊ မကြာသေးမီရက်ပိုင်းအတွင်းကလည်း ယခုလို စာသားပါကဒ်ပြားများ ရုပ်အလောင်းပေါ်တွင် ကပ်ထားသေား အမျိုးသားရုပ်လောင်းများတွေ့ရှိရခဲ့ဘူးကြောင်း ဒေသခံများထံမှသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ