လက်ရွေးစင်အဖြစ်ကနေ နားမယ်လို့ သတင်းတွေထွက်လာတဲ့ မူလာ


(အားကစား) ဇူလိုင် ၁၂

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတိုက်စစ်မှူး မူလာ က ဂျာမနီအသင်းနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ဂျာမနီအခြေစိုက် သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မူလာ ဟာ အခုပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာကြောင့် သတင်းတွေက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကစားသမားနဲ့ ဂျာမနီလက်ရွေးစင်အသင်းဘက်က အတည်ပြုပြောကြားထားတာမျိုး မရှိသေးပေမယ့်လည်း သတင်းတွေကတော့ အခုအချိန်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာဖြစ်ပါ တယ်။

မူလာ ဟာ ဂျာမနီလက်ရွေးစင် ကစားသမားအဖြစ် ၁၄ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း ၁၃၁ ပွဲအထိ ကစားပေးခဲ့တာကြောင့်လည်း အသင်းသမိုင်းမှာ ပွဲထွက်ခွင့် တတိယမြောက် အများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားကို ဂျာမနီအသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ မူလာ ဟာ လက်ရွေးစင် ကစားသမားဘဝမှာ အသင်းအတွက် ၄၅ ဂိုးသွင်းယူကာ ၄၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ