ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနှင့် ဖျာပုံမြို့နယ်၊ ဂုံညင်းတန်းမြစ်အတွင်း ရိက္ခာခြောက်ပစ္စည်းများ တင်ဆောင်ထားသော ကျောက်ချရပ်ထားသော ပိုင်ရှင်မဲ့ ဖားကူးစက်‌လှေတစ်စီး တွေ့ရှိ


(ပြည်တွင်း) ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနှင့် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအစပ်၊ ဂုံညင်းတန်းမြစ် အတွင်း ယနေ့နံနက် ၈ နာရီအချိန်ခန့်က ရိက္ခာခြောက်ပစ္စည်းများ တင်ဆောင်ထား သည့် ကျောက်ချရပ်နားထားသော ပိုင်ရှင်မဲ့ ဖားကူးစက်‌လှေတစ်စီး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ချရပ်ထားသည့် ဖားကူးစက်‌ လှေအတွင်းမှ ရွှေဒေါင်းပြန်၊ ရွှေမြင်းပျံဆေးပေါလိပ် ၁၇၀ အထုပ်ပါ ၆၈ ဖာ၊ မွှေးပဲကျက်မှုန့်အထုပ်သေး ၂၀၀ ပါ ၁၀ အိပ်၊ မာမီးခေါက်ဆွဲခြောက်အထုပ်သေး ၃၀ ပါ ၉၆ ဖာ၊ ကုလားအုပ်ခေါက်ဆွဲခြောက် ၅၀ ထုပ်ပါ ၈၈ ဖာ၊ ကွမ်းစားဆေးရွက်ကြီး အိတ်အကြီး ၅၀ အိပ်၊ ကြက်သွန်နီ ၅ ပိဿပါ ၁၆၀ အိတ်၊ Rich ကော်ဖီမစ် ၃၀ ထုပ်ပါ ၃၂ ဖာ၊ တို့ကို သိမ်းဆည်းရမိ ကြောင်း သိရှိရသည်။

၎င်း ဖားကူးစက်‌လှေအား သက်ဆိုင်ရာတာဝန်ရှိသူများမှ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မြို့ပေါ်သို့ယူဆောင်သိမ်းဆည်းခဲ့ပြီး၊ အဆိုပါ ရိက္ခာခြောက်ပစ္စည်းများသည် ထောက်ပို့ပစ္စည်းများဖြစ်နိုင် သည်ဟု ယူဆရကြောင်း သတင်းအရင်းအမြစ်များအရ သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ