ဗီယက်နမ် မွေထိုင်းချန်ပီယံနှင့် ရိုးရာဖိုက်တာ ထွန်းမင်းအောင် တိုယှဉ်ပြိုင်ထိုးသတ်မည်”


(အားကစား) ဇူလိုင် ၁၂

ONE Firday Fights 70 ပွဲစဉ်ကို ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဗီယက်နမ် မွေထိုင်းချန်ပီယံတို ဇူလိုင်လ ၁၂ ရက် ညပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်သွားကြမယ်လို့ သိရပါတယ်။

ONE က ပြုလုပ်တဲ့ ONE Firday Fights 70 ပွဲစဉ်အတွင်း တွဲဆိုင်း ၈ ဆိုင်းမြောက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ထွန်းမင်းအောင် က ပြီးခဲ့တဲ့ မေလ ၃၁ ရက်က ONE Lumpinee 65 ပွဲစဉ်မှာ ရုရှားဖိုက်တာ ကီရိယက်ဖ် ကို အမှတ်ဖြင့် ရှုးနိမ့်ထားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်တဲ့ ဗီယက်နမ်မွေထိုင်းချန်ပီယံဖိုက်တာက One Fightမှာ ၁ ပွဲ အလဲထိုးအနိုင်ရရှိထားကာ ဗီယက်နမ်နိုင်ငံ WBC မွေထိုင်းချန်ပီယံခါးပတ် ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

ထွန်းမင်းအောင်ကတော့ အသက် ၁၈ နှစ်အရွယ်ရှိပြီး မြန်မာပြည်အတွင်း ထိုးသတ်ခဲ့တဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှာ ရှုံးပွဲမရှိ‌သေးတဲ့ မြန်မာ့လူငယ် လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ