ပိတ်ဆို့ခံထားရသော ရုရှား၏ အရန်ငွေများနှင့်ပတ်သက်၍ ယူကရိန်းက အစီအမံအချို့ကို ထုတ်ဖော်ပြောကြား


(နိုင်ငံတကာ) ဇူလိုင် ၁၂

ယူကရိန်းနိုင်ငံသည် ၎င်း၏ ကာကွယ်ရေးကဏ္ဍ အားကောင်းလာစေရန် အီးယူအတွင်း ပိတ်ဆို့ ထားသော ရုရှားဗဟိုဘဏ်အရန်ငွေများမှ ရရှိသည့် အမြတ်ငွေများကို သုံးစွဲမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၀ ရက်)တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါငွေအများစုကို လက်နက်ခဲယမ်းများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူခြင်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ရေးသားခဲ့သည်။ အီးယူ နှင့် အမေရိကန်တို့သည် ၂၀၂၂ ခုနှစ်အစောပိုင်း ယူကရိန်းပဋိပက္ခအစတွင် ရုရှား၏ ပိုင်ဆိုင်မှုဒေါ်လာ ၃၀၀ ဘီလီယံခန့်ကိုတရားမ၀င်ပိတ်သိမ်းခဲ့သည်။

အီးယူသည် ယခုအချိန်အထိ ကိယက်ဗ်နှင့် ဝါရှင်တန်တို့မှ ရန်ပုံငွေများကို ပြတ်ပြတ်သားသားသိမ်းယူရန် တောင်းဆိုလာခြင်းကို ဆန့်ကျင်နေသော်လည်း ၎င်းမှ ရရှိသော အတိုးများကို သိမ်းယူရန် သဘောတူထားသည်။ ၎င်းအတိုးများကို ယူကရိန်းသို့ လွှဲပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

မေလတွင် အီးယူကောင်စီ၏ ဆုံးဖြတ်ချက်အရ ရုရှား၏အရန်ငွေများမှ ရရှိသော အမြတ်ငွေ၏ ၉၀ ရာခိုင်နှုန်းကို ဥရောပငြိမ်းချမ်းရေး ရန်ပုံငွေသို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကိယက်ဗ်သို့ လက်နက်ထောက်ပံ့မှုတွင် အသုံးပြုနိုင်သည့် ယူကရိန်းအကူအညီရန်ပုံငွေကို ဖန်တီးခဲ့သည်။

ကျန် ၁၀ ရာခိုင်နှုန်းကို ကိယက်ဗ်နှင့် အဖွဲ့၏ ကိုယ်ပိုင်ကာကွယ်ရေးစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။ Umerov ၏အဆိုအရ ကိယက်ဗ်သည် နှစ်စဉ် ယူရို ၂ ဒသမ ၅ – ၃ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၇-၃ ဒသမ ၃ ဘီလီယံ) ဝန်းကျင်ရရှိရန် မျှော်မှန်းထားသည်။

ခန့်မှန်းခြေ ယူရို ၁ ဒသမ ၄ – ၁ ဒသမ ၅ ဘီလီယံရှိ ပထမ အမြတ်ငွေကို ဩဂုတ်လအစတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါရန်ပုံငွေမှ ငွေကြေးထောက်ပံ့သည့် ကုန်ပစ္စည်းများနှင့် စက်ကိရိယာများကို ယခုနှစ် ကုန်တွင် ယူကရိန်းသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။

ရုရှားသည် အနောက်နိုင်ငံများ၏ ယူကရိန်းအား ထောက်ပံ့နေသည့် စစ်ရေးအကူအညီနှင့် ပတ်သက်၍ ကြိမ်ဖန်များစွာ ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းက ပဋိပက္ခကို ရှည်ကြာစေသည်ဟု ဆိုသည်။ မော်စကိုသည် ၎င်း၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ထားခြင်းအတွက် အနောက်နိုင်ငံများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းသည် ခိုးယူမှုသက်သက်သာဖြစ်ကြောင်း သတိပေးခဲ့သည်။

ရုရှား၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် အန္တရာယ်ရှိသော လုပ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် အနောက်အုပ်စု၏ စီးပွားရေးလုပ်ငန်းများတွင် အန္တရာယ်ဖြစ်လာနိုင်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ယခုနှစ်အစောပိုင်းတွင် သတိပေးခဲ့သည်။

ရုရှား၏ အချုပ်အခြာအာဏာပိုင် အရန်ငွေများကို ထိပါးသည့် အဖွဲ့အစည်းများအပေါ် တရားစွဲဆိုခြင်းကို သေချာပေါက်လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ရုရှားလုံခြုံရေး ကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသော ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ပြီးခဲ့သောလတွင် အနောက်နိုင်ငံများ၏ ရုရှားပိုင်ဆိုင်မှုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းလုပ်ရပ်သည် ရန်လိုသည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် စစ်ဖြစ်ဖို့အတွက် အကြောင်းပြချက်ဟု ယူဆနိုင်ကြောင်း သတိပေးခဲ့သည်။

PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay – 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Webpage >>…
https://positiveanglenews.com/2024/07/12/လျှပ်စစ်ကား-အစီးပေါင်း-၃/

VK Link>>…
https://vk.com/wall-220066330_7103

Telegram>>…
https://t.me/positiveanglenews

PAN

TZ #SZ