ဂီရိုနာ ကို လေးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ဗန်ဒီဘိခ်


(အားကစား) ဇူလိုင် ၁၂

မန်ယူအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဗန်ဒီဘိခ် က လာလီဂါကလပ် ဂီရိုနာအသင်းသို့ လေးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ် ရဲ့ ပြောင်းရွှေ့ကြေးမှာ ကနဦး ယူရို ငါးသိန်း ဖြစ်ပြီး အပိုဆုကြေး ယူရို ၁၅ သန်း အထိရှိကြောင်း သိရပါတယ်။

ဗန်ဒီဘိခ် ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် အရန်ခုံမှာ အချိန်ကုန်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗန်ဒီဘိခ် အနေနဲ့ ဂီရိုနာအသင်းမှာ ပြန်လည်တောက်ပ လာနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ