ကလေးမြို့ ၊ ကြုံ့သုံးပင်ရပ်ကွက်တွင် အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဇူလိုင် ၁၂

ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကလေးမြို့၊ ကြုံ့သုံးပင်ရပ်ကွက်တွင် မြို့ခံပြည်သူ ၁ ဦးကို အကြမ်းဖက်သမား ၁ ဦးမှ ပစ်ခတ်၍ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များ လိုက်လံပိတ်ဆို့၍ ပစ်ခတ်ဖမ်းဆီးရာ အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ ပစ္စတိုသေနတ် ၁ လက်ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ