Special Account ငွေသားထုတ်ယူမှု ကန့်သတ်မထားဟုဆို


(ပြည်တွင်း) ဇူလိုင် ၁၁

စီးပွားရေးလုပ်ငန်းတွေ/အဖွဲ့အစည်းတွေက ဘဏ်တွေမှာ ငွေသားအပ်နှံထည့်သွင်းထားတဲ့ ဘဏ်စာရင်းသစ် (Special Account)ကနေ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိထုတ်ယူခွင့်ပြုထားတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ သိရပါတယ်။

ပုဂ္ဂလိကဘဏ်အချိုမှာ Special Account တွေကနေ ငွေသား ၁၀ သိန်းကနေ သိန်း ၂၀ အထိသာ ထုတ်ယူနိုင်ကြောင်း သတင်းထွက်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ/အဖွဲ့အစည်းတွေက ဘဏ်တွေမှာ ငွေသားအပ်နှံထည့်သွင်းထားတဲ့ ဘဏ်စာရင်းသစ် (Special Account)တွေနဲ့ စပ်လျဉ်းပြီး ငွေသားပြန်လည်ထုတ်ယူတာအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်မှုမရှိ ပြန်လည်ထုတ်ယူခွင့်ပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ဘဏ်တစ်ခုအတွင်းက ငွေစာရင်းတွေ အချင်းချင်း ဒါမှမဟုတ် မတူညီတဲ့ ဘဏ်တွေက ငွေစာရင်းတွေ အချင်းချင်းအကြား စာရင်းလွှပြောင်းခြင်း (Account Transfer)ကို ပိုမိုအသုံးပြုဖို့နဲ့ ငွေသားထုတ်ယူတာကို မဖြစ်မနေ ကိစ္စရပ်အတွက်သာ ထုတ်ယူဖို့အများပြည်သူကို ပန်ကြားထားပြီး ဖြစ်တယ်လို နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဖြေကြားချက်အရ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ