Samsung ကုမ္ပဏီကို ဝန်ထမ်းများ အကန့်အသတ်မရှိ သပိတ်မှောက်မည်


(နိုင်ငံတကာ) ဇွန် ၁၁

လစာငွေပေးချေမှုနှင့် ပတ်သက်၍ Samsung ကုမ္ပဏီအား ဝန်ထမ်းများမှ အကန့်အသတ်မရှိ သပိတ်မှောက်မည်ဖြစ်ကြောင်း ဝန်ထမ်းသမဂ္ဂမှဆိုသည်။

Samsung Electronics ၏ ဝန်ထမ်း 30,000 ကျော်က သပိတ်မှောက်ရန်လှုံ့ဆော်နေပြီး ဝန်ထမ်းသမဂ္ဂကလည်း ပါဝင်ရန် တောင်းဆိုခဲ့ပြီး နှစ်ဖက်စလုံးက လစာပေးချေမှုနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

Samsung ၏ ဝန်ထမ်းသမဂ္ဂ National Samsung Electronics Union သည် အခြေခံလစာ ၃.၅ ရာခိုင်နှုန်းတိုးပေးရန် တောင်းဆိုနေပြီး ပွင့်လင်းမြင်သာမှုမရှိသည့် ဘောနပ်စ်ငွေပေးချေမှုစနစ်အား ပြင်ဆင်ရန်တောင်းဆိုထားသည်။

အဆိုပါဖြစ်စဉ်များသည် လုပ်ငန်းလည်ပတ်မှုအား ထိခိုက်စေသော်လည်း Samsung အနေဖြင့် ထုတ်လုပ်မှုတွင် အနှောက်အယှက်မဖြစ်ပေါ်စေရန် အာမခံထားသည်။

Samsung Electronics သည် သပိတ်မှောက်မှုများဖြစ်ပေါ်နေသော်လည်း ဇူလိုင်လ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ၎င်းတို့ ကုမ္ပဏီ၏ စမတ်လက်စွပ်နှင့် စမတ်နာရီများ နောက်ဆုံးပေါ် ခေါက်ဖုန်းများကို တစ်ချိန်တည်းနီးကြေညာခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ