FIFA-MFF U-17 League 2023-24 အမှတ်ပေးပြိုင်ပွဲ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲ


(အားကစား) ဇူလိုင် ၁၁

FIFA-MFF U-17 League 2023-24 ပြိုင်ပွဲနောက်ဆုံးပွဲစဉ် game week- 22 အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဇူလိုင်လ ၁၀ ရက် ညနေပိုင်းအချိန်မှာ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက သွင်းဂိုး ၂ ဂိုးသွင်းယူပြီး ဂိုးပြတ်နဲ့အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးခဲ့ပါတယ်။

Game week- 21 အထိ ရခိုင်အသင်းက ၅၄ မှတ်၊ ရှမ်းအသင်းက ၅၃ မှတ်ဖြင့် အကြိတ်အနယ် ဖြစ်နေရာမှ ရှမ်းယူနိုက်တက်အသင်းက အနိုင်ရရှိခဲ့ကာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဆုပေးပွဲကို ဆက်လက်ကျင်းပပေးခဲ့တယ်လို သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ