F-16 တိုက်လေယာဉ်များ ယူကရိန်းသို့ လွှဲပြောင်းပေးနေကြောင်း အမေရိကန်ဆို


(နိုင်ငံတကာ) ဇွန် ၁၁

F-16 တိုက်လေယာဉ်များအား ယူကရိန်းလေတပ်သို့ လွှဲပြောင်းပေးနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်များသည် ဒိန်းမတ်နှင့် နယ်သာလန်နိုင်ငံများမှ တဆင့် ယူကရိန်သို့ လွှဲပြောင်းပေးနေကြောင်း ၎င်းကဆိုသည်။

အန်တိုနီဘလင်ကန်က လာမည့် နွေရာသီတွင် F-16 တိုက်လေယာဉ်များ ယူကရိန်း၏ ကောင်းကင်ယံတွင် ပျံသန်းနေမည်ဖြစ်ကြောင်း ရက်အနည်းအငယ်တွင် ထုတ်ဖော်ပြသသွားမည်ဟုဆိုသည်။

ကျွန်တော်တို့ပြောနေတဲ့အတိုင်း ဒိန်းမတ်နဲ့ နယ်သာလန်ကနေ ယူကရိန်းကို F-16 ဂျက်လေယာဉ်တွေ လွှဲပြောင်းပေးမှုကို ကျေကျေနပ်နပ်ကြီးကြေညာချင်ပါတယ်” ဟု ဘလင်ကင်က နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ခဲ့သည်။

F-16 တိုက်လေယာဉ်များသည် စစ်ရေးပဋိပက္ခကာလအတွင်း ယူကရိန်းနိုင်ငံ၏ လိုအပ်ချက်တစ်ခုအဖြစ် အချိန်အတော်ကြာ ရှိနေခဲ့သည့် လေယာဉ်အမျိုးအစားလည်းဖြစ်သည်။

အဆိုပါတိုက်လေယာဉ်သည် အဖျက်စွမ်းအားကြီးမားသည့် ဗုံးများ၊ ဒုံးပျံများနှင့် ဒုံးကျည်များကို သယ်ဆောင်နိုင်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ