အမေရိကန်ရှိ အကြမ်းဖက်အဖွဲ့က ထောက်ပံ့ပေးသည့် အကြမ်းဖက်မှုအစီအစဉ်ကို ကျူးဘားဖော်ထုတ်နိုင်ခဲ့


(နိုင်ငံတကာ) ဇွန် ၁၁

အမေရိကန်ရှိ အကြမ်းဖက်အဖွဲ့က ထောက်ပံ့ပေးသည့် အကြမ်းဖက်မှုအစီအစဉ်ကို ကျူးဘားဖော်ထုတ်နိုင်ခဲ့


(နိုင်ငံတကာ) ဇွန် ၁၁

ကျူးဘားနိုင်ငံသည် အမေရိကန်ရှိ အကြမ်းဖက်အဖွဲ့က ထောက်ပံ့ပေးထားသည့် အကြမ်းဖက်မှုအစီအစဉ် တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကျူးဘားပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အမေရိကန် ပြည်ထောင်စုမှ တရားမဝင်လက်နက်ခဲယမ်းများနှင့်ယူနီဖောင်းများကို သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ကျူးဘားအာဏာပိုင်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းအမျိုးသားသည် အိမ်နီးချင်း အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ကျူးဘားနိုင်ငံ၏ပိုင်နက်အတွင်း၌ အကြမ်းဖက်မှုများကို လုပ်ဆောင်ရန် ရည်ရွယ် ထားကြောင်း ကျူးဘား ပြည်ထဲရေးဝန်ကြီးဌာနရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဗစ်တာအယ်ဗာရက်ဗော က ပြောသည်။

ဖမ်းဆီးခံထားရသည့် အမျိုးသားမှာ ဖလော်ရီဒါတွင် နေထိုင်နေသည့် အသက် ၄၀ အရွယ်ရှိသူဖြစ်ပြီး ၎င်းအား အမေရိကန်အခြေစိုက် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးဘားအာဏာပိုင် များက ယင်းဖြစ်စဉ်အား ခုနစ်လကြာ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ