ဝင်ဘယ်ဒန်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အယ်ကာရက်ဇ်


(အားကစား) ဇူလိုင် ၁၁

ဝင်ဘယ်ဒန်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း လက်ရှိချန်ပီယံဖြစ်တဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ဟာ အခုနှစ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လာခဲ့ပါတယ်။

ဇူလိုင်လ ၉ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတား ဖိုင်နယ်ပွဲစဉ်မှာ အယ်ကာရက်ဇ်ဟာ အမေရိကန်တင်းနစ်သမား တွမ်မီပေါလ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပထမ ပွဲလတ်မှာ တွမ်မီပေါလ်အနိုင်ရမှုနဲ့အတူ ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။

ပွဲကစားချိန် ၃ နာရီကျော်ကြာ ယှဉ်ပြိုင်အပြီးမှာတော့ အယ်ကာရက်ဇ် က တွမ်မီပေါလ် ကို ၅း၇၊ ၆း၄၊ ၆း၂၊ ၆း၂ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အခုပြိုင်ပွဲမှာ ဆီဒင်အဆင့်(၃)ရထားတဲ့ အယ်ကာရက်ဇ်အတွက်တော့ ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ ပွဲစဉ် ၁၂ ပွဲဆက် အနိုင်ရမှုလည်း ဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာတော့ အယ်ကာရက်ဇ် ဟာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ် နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ