ရခိုင်ဘက်က လက်နက်တွေ ပွင့်ဖြူ PDF ဆီကိုရောက်ရှိနေဟုဆို


(ပြည်တွင်း) ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ထဲက အကြမ်းဖက်အုပ်စုတွေဖြစ်တဲ့ PDF တပ်ရင်း (၄) နဲ့ (၅) တွေက အကြမ်းဖက်သမားတွေကို လက်နက်တွေတပ်ဆင်ပေးနေတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ပွင့်ဖြူ PDF တပ်ရင်း(၄)နဲ့ တပ်ရင်း(၅)မှာတပ်ဆင်နေတဲ့ လက်နက်တွေဟာ ရခိုင်ဘက်ကလာတဲ့လက်နက်တွေဖြစ်တယ်လို့ဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်က အတည်ပြုထားပါတယ်။

“လက်နက်တွေက ရခိုင်ဖက်ကရတဲ့လက်နက်တွေ​​ဗျ၊ “G3″ တွေ ခဲယမ်းတွေရော ​ဗုံးသီးတွေပါပါတယ်။ ဘယ်လိုရလဲတော့မသိဘူး” လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်ကစပြီးရခိုင်ပြည်နယ်အတွင်းက ရဲစခန်းအချို့၊ တပ်စခန်းအချို့နဲ့ ဗျူဟာကုန်းအချို့ကို ရခိုင်အကြမ်းဖက်သောင်းကျန်းသူများက သိမ်းပိုက်ထားပြီး လက်နက်နဲ့ခဲယမ်းအမြောက်အမြား သိမ်းဆည်းထားသည်ဟု AA ကထုတ်ပြန်ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ