ဖားကန့်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနှင့် ငှက်ဖျားရောဂါပွား‌နေမှု ၁၀ ရာခိုင်နှုန်းကျော်ရှိနေ


(ပြည်တွင်း) ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဥရုချောင်း၊ ရေကြီးရေလျှံဖြစ်ပြီးနောက်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနှင့် ငှက်ဖျားရောဂါအဖြစ်များနေကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ထို့အတူ ပူတာအိုမြို့နယ်တွင်လည်း ခွေးရူးအကိုက်ခံရ၍ သေဆုံးသူဦးရေမှာ ယမန့်နေ့အထိ ၅ ဦးအထိရှိလာပြီး၊ ဖားကန့်မြို့နယ်အတွင်း လက်ရှိရောဂါပြင်းထန်နေသည့်နေရာများမှာ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ ဝှေခါ၊ မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စသည့်ကျေးရွာများဖြစ်ပြီး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ ဝမ်းလျှောနှင့် ရာသီတုပ်ကွေး၊ ငှက်ဖျားများဖြစ်နေကြောင်း ဖားကန့် ဒေသခံများထံမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ