တပ်ဖွဲ့ဝင်တွေရဲ့ ဂိမ်းဆိုင်တွေ ပိတ်သိမ်းဖို့ D.K.B.A နှဲ့ KNU /KNLA – PC အမိန့်ထုတ်

(ပြည်တွင်း) ဇူလိုင် ၁၁

မြဝတီမြို့ပေါ်က ဂိမ်းဆိုင်တွေ ပိတ်သိမ်းဖို့ တပ်ဖွဲ့ဝင်တွေကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် D.K.B.A နဲ့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC က ဒီကနေ့ အမိန့်ထုတ်​ပြန်လိုက်ပါတယ်။

D.K.B.A နဲ့ KNU/KNLA-PC က ၂ဝ၂၄ ခုနှစ်၊ ဇူလှိုင် လ(၁၁)ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာတော့ မိမိတို့ တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ စစ်စည်းကမ်း အက်ဥပဒေ အပိုဒ်(၃/၆)ပါ မူးယစ်ဆေးငါးနဲ့လောင်းကစား တွေကို လုပ်ဆောင်တာကို လုံးဝ(လုံးဝ)မပြုလုပ်ဖို့ တားမြစ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် အမိန့်မနာခံဘဲ ဖေါက်ဖျက်ရင် ထိရောက်စွာအရေးယူခြင်းခံရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် အမိန့်စာထုတ်ပြန်ပြီး (၂၄)နာရီကျော်လွန်ပါက အမိန့်တည်မြဲမှာဖြစ်တယ်လို့လည်း D.K.B.A က သူ့ရဲ့ တပ်ဖွဲ့ဝင်များအားလုံး အမိန့်ထုတ်ပြန်ပြောဆိုထားပါတယ်။

မြဝတီမြို့ပေါ်က လောင်းကစားဂိမ်းဆိုင်တွေအားလုံးပိတ်သိမ်းဖို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီလည်းပြောဆိုထားပြီး တားမြစ်ထားတဲ့ အမိန့်ကို နာမခံပဲ ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူမယ်လို့ ပြောဆိုထားပါတယ်။

#PAN