ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတပ်ဖြန့်မှုအဖြစ် နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှု တွင် ဖိလစ်ပိုင်ပါဝင်မည်


(နိုင်ငံတကာ) ဇွန် ၁၁

ဖိလစ်ပိုင်လေတပ်သည် ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတပ်ဖြန့်မှုအဖြစ် နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဇူလိုင်လ ၁၀ ရက်က ဩစတြေးလျနိုင်ငံ မြောက်ပိုင်းသို့ရောက်ရှိလာ ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံရှိ မြောက်ပိုင်းနယ်မြေတွင် ဇူလိုင်လ ၁၂ ရက်မှ ဩဂုတ်လ ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် Pitch Black နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင် လေတပ်မှ FA-50 တိုက်လေယာဉ် လေးစင်းနှင့် လေတပ်တပ်ဖွဲဝင် ၁၆၂ ဦး ပါဝင် လေ့ကျင့်မည်ဖြစ်ကြောင်း သိရ သည်။

ဖိလစ်ပိုင်လေတပ်သည် ၁၉၆၃ ခုနှစ်မှစ၍ ဆယ်စုနှစ်ခြောက်ခုအတွင်း ၎င်းတို၏တိုက်လေယာဉ်များကို ပြည်ပနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဖြန့်ကြက်ခြင်းဖြစ်ပြီး ဖိလစ်ပိုင်တိုက်လေယာဉ်များအနေဖြင့် စစ်ရေး လေ့ကျင့်မှုအတွင်း အခြားလေတပ်များနှင့်အတူ မြေပြင်ခြိမ်းခြောက်မှုများနှင့် သရုပ်သကန် အမှန်တူဖန်တီးထား သော ရန်သူများအား ချေမှုန်းရာတွင် တွေ့ကြုံရလေ့ရှိသော ရှုပ်ထွေးသည့်ပြဿနာများကို ပူးပေါင်း ဖြေရှင်းမည် ဖြစ်ကြောင်း ဩစတြေးလျ တော်ဝင်လေတပ်မှအရာရှိကြီးတစ်ဦးက ပြောသည်။

Pitch Black နိုင်ငံပေါင်းစုံ စစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၂၀ ခန့်မှလေယာဉ် အစင်းပေါင်း ၁၄၀ ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတိုသည် ယခုနှစ် ဧပြီလအတွင်း ကလည်း ဖိလစ်ပိုင်နိုင်ငံနှင့်အတူ တောင် တရုတ်ပင်လယ်အတွင်း၌ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ကျင်းပခဲ့ကြောင်း ST သတင်းဌာနမှ သိရ သည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ