မင်းလှ PDF က အများသုံးလမ်းတွေအပေါ် သွားရင် ကားမှန်ချမောင်းဖို့နဲ့ လခရ တပ်ဖွဲ့ဝင်ရှိတဲ့နေရာတွေကို ရှောင်ဖို့ ခြိမ်းခြောက်စာထုတ်


(မှုခင်း) ဇူလိုင် ၁၁

မကွေးတိုင်းသကြီး မင်းလှမြို့နယ်(အထက်မင်းလှ) က အများသုံးလမ်းတွေအပေါ် သွားလာတဲ့ ခရီးသွား ကားတွေ မှန်ချမောင်းဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ရှိတဲ့နေရာတွေကို ရှောင်သွားကြဖို့ ခြိမ်းခြောက်စာထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် PDF တွေထုတ်ပြန်တဲ့ ခြိမ်းခြောက်စာအရ အထက်မင်းလှမြို့နယ်အတွင်းက လမ်းပိုင်းတွေဖြစ်တဲ့ ပုသိမ်-မုံရွာလမ်း၊ သရက်-မင်းလှလမ်း၊ မင်းလှ-မလွန် သက်ရာကောက်လမ်း၊မင်းလှ-မင်းဘူး-မကွေးလမ်း၊မင်းလှ-စစ္စနို့ -ကန်တုတ်လမ်း တွေပါဝင်နေပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်အရ မကွေးတိုင်းမင်းလှမြို့နယ်အတွင်းမှာ မင်းလှ PDF ၊ Magway PDF နဲ့ ရခိုင်သောင်းကျန်းသူ AA ပူးပေါင်းအဖွဲ့တွေက စစ်ရေးလှုပ်ရှားဖို့ပြင်ဆင်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်တွေကိုမလိုက်နာရင် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို တာဝန်ယူဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ မင်းလှ PDF က ပြောဆိုထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ