ဥရောပသမဂ္ဂ ဥက္ကဋ္ဌနေရာမှ ဟန်ဂေရီ အဆုံးသတ်နိုင်


(နိုင်ငံတကာ) ဇွန် ၁၀

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်၏ မော်စကိုခရီးစဉ်ကြောင့် ဥရောပသမဂ္ဂ ဥက္ကဋ္ဌနေရာမှ အဆုံးသတ်နိုင်ကြောင်း Politico EU မှ သံတမန် သတင်းရင်းမြစ်များကဆိုသည်။

အော်ဘန်သည် ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းသို့သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို တွေ့ဆုံခဲ့ချိန်တွင် တိတ်ဆိတ်ခဲ့သည့် ဥရောပနိုင်ငံများသည့် ရုရှားနိုင်ငံသို့သွားရောက်ချိန်တွင် ဒေါသတကြီးတုန့်ပြန်ခဲ့ကြသည်။

သမ္မတပူတင်အားတွေ့ဆုံခဲ့ခြင်းကြောင့် ဟန်ဂေရီအနေဖြင့် ဥရောပသမဂ္ဂ ဦးဆောင်မှုနေရာအား အဆုံးသတ်သည့်အခြေအနေမျိုးဖြစ်ကြောင်း အမည်မဖော်လိုသည့် ဥရောပသမဂ္ဂသံတမန်တစ်ဦးကဆိုသည်။

ဗစ်တာအော်ဘန်သည် ယူကရိန်းသမ္မတ ဇယ်လန်းစကီး၊ ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အားတွေ့ဆုံခဲ့ပြီး မကြာမီ အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ