အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်တစ်စီးတံတားအားဝင်တိုက်မိ


(မှုခင်း) ဇူလိုင် ၁၀

ဇူလိုင်လ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၂/၃နှင့် ၇၂/၄ အကြားတွင် ယာဉ်မတော်ဆမှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ တာဝန်ရှိသူများမှသွားရောက် ကယ်ဆယ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော SCANIA အမျိုးစား(ခဲ/နက်ရောင်) Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ် မိုင်တိုင်ကြားရှိ Underpass ကုန်းပေါ်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ Underpass တံတားအားကာရံထားသည့် အုတ်ခုံ ကျောက်တိုင်နှင့် တံတာလက်ရမ်းများအားဝင်တိုက်မိရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

ယာဉ်မတော်တဆမှုကြောင့် ယာဥ်ပေါ်တွင်ပါရှိသော ယာဉ်မောင်း၊ အကူယာဥ်မောင်း၊ ယာဉ်နောက်လိုက်အပါကျား/မပေါင်း(၂၄)ဦးအနက်မှခရီးသည် ကျား ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ