လေယာဉ်ပျံတက်စဉ် ဘီးပြုတ်ကျခဲ့သည့် ယူနိုက်တက် လေကြောင်းလိုင်း


(နိုင်ငံတကာ) ဇွန် ၁၀

ယူနိုက်တက် လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် လော့စ်အိန်ဂျလိစ်မြို့မှ ပျံတက်စဉ် လေယာဉ် ဘီးပြုတ်ကျခဲ့ကြောင်းသိရသည်။

လေယာဉ်ခရီးသည် ၁၇၄ ဦးပါဝင်သည့် United Flight 1001 – Boeing 757-200 အမျိုးအစားလေယာဉ်သည် ဒန်ဘာလေဆိပ်သို့ အရေးပေါ်ဆင်းသတ်ခဲ့ရသည်။

လေယာဉ်ဘီးပြုတ်ကျရခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း ယူနိုက်တက် လေကြောင်းလိုင်းတာဝန်ရှိသူများကထုတ်ပြန်ထားသည်။

လေယာဉ်အရေးပေါ်ဆင်းသတ်ခဲ့ရသော်လည်း လေယာဉ်ပေါ်ပါသည့် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းများ ဘေးကင်းခဲ့ပြီး လေယာဉ်တစ်စီးလုံး ပုံမှန်အခြေအနေသာ ခံစားခဲ့ရကြောင်း ခရီးသည်များကဆိုသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ