လပွတ္တာမြို့ ၊ စည်ပင်သာယာလမ်းရှိ “ရွှေပြည်ကျော် လျှပ်စစ်ပစ္စည်းဆိုင် ” အား အကြမ်းဖက် PDF မဖွဲ့ဝင်များမှ လက်ပြစ်ဗုံး ဖြင့် ပစ်ပေါက်


(ပြည်တွင်း) ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီ၊ လပွတ္တာမြို့ (ခရိုင်)၊ လပွတ္တာမြို့ ၊ အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းရှိ “ရွှေပြည်ကျော် လျှပ်စစ်ပစ္စည်းဆိုင် ” အား ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF မဖွဲ့ဝင်များမှ၎င်း ဆိုင်အတွင်းသို့ လက်ပြစ်ဗုံး ဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ “ရွှေပြည်ကျော် လျှပ်စစ်ပစ္စည်းဆိုင် ” အရှေ့သို့ ဆိုင်ကယ်တစ်စီးနှင့် လူ ၂ ဦး ရောက်ရှိလာပြီး လက်ပြစ်ဗုံး ဖြင့် ဆိုင်အတွင်းသို့ ပစ်ပေါက်ထွက်ပြေးသွားကြောင်း၊ ၎င်းတို့ပစ်ပေါက်ခဲ့သော လက်ပြစ်ဗုံး မှာပေါက်ကွဲမှုမရှိပဲ ဆိုင်အတွင်းရှိပစ္စည်းများပေါ်တွင် တည်ရှိနေခဲ့ကြောင်း၊ အဆိုပါ မပေါက်ကွဲသေးသော လက်ပြစ်ဗုံး အား သက်ဆိုင်ရာတာဝန်ရှိသူများမှ သိမ်းစီးသွားခဲ့ပြီး တရာခံများအား ဖမ်းစီရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၎င်း ဆိုင်ပိုင်ရှင်၏အမည်မှာ ဦးညိုဝင်း ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ၏ မြို့နယ်ပါတီကော်မတီဝင် တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။ NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ