နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ၁၅ ပါး ပေးကျင်းကိုကြွ

(နိုင်ငံတကာ) ဇူလိုင် ၁၀

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ၁၅ ပါး ပေးကျင်းကိုကြွ(ပြည်တွင်း) ဇူလိုင် ၁၀မြန်မာနိုင်ငံ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးဆောင်သောဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ကို ရောက်ရှိနေကြောင်း သိရသည်။

ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဦးဆောင်ပြီး သံဃာတော် ၁၅ ပါး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့၌ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိခဲ့ကြပြီး တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဆရာတော် Yanjue နှင့်တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် ပေကျင်းမြို့ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓစွယ်တော်ကို သွားရောက်ဖူးမြော်ကြပြီး တရုတ်ဗုဒ္ဓဘာသာအကယ်ဒမီ (The Buddhist Academy of China) နှင့် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

#PAN