ကားဝပ်ရှော့တစ်ခုတွင် ဆီဘောက်ဆာကို ဝရိန်ဆော်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

(မှုခင်း) ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကားဝပ်ရှော့တစ်ခုတွင် ဆီဘောက်ဆာ ယာဥ်အား ဝရိန်ဆော်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၀ ရက်နေ့ နေလည် ၁ နာရီခွဲခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်း၊ အလယ်ဂိတ်မှတ်တိုင်အနီး ကားကြီးဝပ်ရှော့တွင် ဆီဘောက်ဆာ ယာဉ်တစ်စီးကို ဝရိန်ဆော်ရာကနေ ဘောက်ဆာအတွင်းက ဆီငွေ့လက်ကျန်ကတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အသက်သုံးဆယ်ကျော်အရွယ် ဆီဘောက်ဆာကို ဝရိတ်ဆော်နေသူ ဝပ်ရှော့အလုပ်သမား တစ်ဦး သေဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းယာဉ်နဲ့ စံပြဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ

ပေါက်ကွဲမှုဖြစ်ပွားရာကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ Foam မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

#PAN