မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ


(မှုခင်း) ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၅ ရက် ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ၇၁(C)လမ်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် TOYOTA PROBOX မော်တော်ယာဉ်နှင့် SUPER CUSTOM မော်တော်ယာဉ်တို့ ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ စိုးခိုင်၊ နန်းအေးဖောင်း၊ နန်းယိမ်းအွမ်နှင့် ထွန်းလင်းအောင်တို့ ၄ ဦးနှင့်အတူ SUPER CUSTOM ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ဆ/၂ ရပ်ကွက်၊ ၇၁ လမ်းရှိ ထွန်းလင်းအောင် ငှားရမ်းနေထိုင် သည့် နေအိမ်မှ ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ