ဘိုကလေးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာရှိ ဦးကျော်ရင် ပိုင်ဆိုင်သော လယ်ယာမြေအတွင်းမှ မိချောင်းတစ်ကောင် ဖမ်းစီးရမိ


(ပြည်တွင်း) ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ဝါးနက်ကုန်းကျေးရွာရှိ ဦးကျော်ရင် ပိုင်ဆိုင်သော လယ်ယာမြေအတွင်းမှ ဇူလိုင် ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မိချောင်းတစ်ကောင် တွေ့ရှိရကြောင်း သိရှိရသည်။

အဆိုပါ မိချောင်းသည် အရှည်(၁၀)ပေခန့်ရှိပြီး ချောင်းကမ်စပ်လျှိုမြောင်းဘက်မှ တက်ရောက်လာသည်ကိုတွေ့ရှိသဖြင့် ရွာသားများမှလူအုပ်ဖွဲ့၍ ဝိုင်းဝန်းဖမ်းစီး ကြိုးဖြင့်တုတ်ချည်ကာ ကျေးရွာအုပ်ချုပ် ရေးမှူးရုံး ပို့ဆောင်ခဲ့ကြကြောင်း၊ ထိုမှတဆင့် သက်ဆိုင်ရာမြို့နယ်အဖွဲ့စည်းများထံ သတင်းပေးပို့ခဲ့ရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မိန်းမလှကျွန်း၊ မိချောင်းထိန်းသိမ်းရေးအဖွဲ့ ထံသို့လွှဲပြောင်းပေး ခဲ့ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ