ပိုလန်က ယူကရိန်းပိုင်နက်သို့ဝင်ရောက်လာမည့် ရုရှားဒုံးကျည်များကို ပစ်ချမည်


(နိုင်ငံတကာ) ဇွန် ၉

ပိုလန်သည် ယူကရိန်းလေပိုင်နက်အတွင်း ရုရှားဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချနိုင်စေမည့် ပြဋ္ဌာန်းချက်များပါဝင်သည့် သဘောတူစာချုပ်သစ်ကို လက်မှတ်ထိုးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဆိုသည်။

ဇယ်လန်းစကီးသည် ပိုလန်ဝန်ကြီးချုပ် Donald Tusk နှင့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးပြီးနောက် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသည် နေတိုးအဖွဲ့အား ဝင်ရောက်ခြင်းအစား ၎င်းအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်များ လိုက်လံချုပ်ဆိုနေခြင်းဖြစ်သည်။

ဇယ်လန်းစကီး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပိုလန်ဝန်ကြီးချုပ်က အတည်ပြုခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန်လိုအပ်သေးကြောင်း ပြောဆိုခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ