ကျောက်ပန်းတောင်မြို့နယ်တွင် အုပ်စု အုပ်ချုပ်ရေးမှူး နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း)ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာနေ ဦးစိုးဝင်း(အုပ်စုအုပ်ချုပ်ရေးမှုး၊ အသက် ၆၉ နှစ်၊ (ဘ)ဦးသာရင်၊ တောင်သူလုပ်ငန်း လုပ်ကိုင်သူသည် ဇူလိုင် ၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် အကြမ်းအဖွဲ့ဝင် ၅ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးဝင်းအား တွေ့ချင်ကြောင်းပြောဆိုခဲ့ရာ ၎င်းမိမိဖြစ်ကြောင်းပြောဆိုစဥ် အကြမ်းဖက် သမားများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးစိုးဝင်းတွင် ယာ-နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်း​ဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အုံ့မှုံးရိုးကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာနေ ဦးစံအေး(အုပ်စုအုပ် ချုပ်ရေးမှူး)၊ အသက် ၅၆ နှစ်၊(ဘ)ဦးဖိုးသုန်၊ တောင်သူလုပ်ငန်းလုပ်ကိုင်သူသည် ရွာ၏အရှေ့တောင်ဘက် ၃ ဖာလုံခန့်အကွာရှိ ယာခင်းထဲတွင် ထွန်ယက်နေစဥ် အကြမ်းဖက် သမား ၅ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးစံ​အေးအား သေနတ်ဖြင်ပစ်ခတ်ခဲ့ရာ ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ