ဟွားဝေက ဇမ်ဘီယာ၌ စမတ်ကျေးရွာစီမံကိန်း ကိုစတင်


(နိုင်ငံတကာ) ဇူလိုင် ၈

ဟွားဝေနည်းပညာကုမ္ပဏီက ဇမ်ဘီယာနိုင်ငံတောင်ပိုင်း၌ စမတ်ကျေးရွာစီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ခြင်းနှင့် နေအိမ်များစွာကို စွမ်းအင်ပေးမည့် ဆိုလာစနစ်တစ်ခုတို့ပါဝင်သည်။

အဆိုပါစနစ်များသည် ဇမ်ဘီယာနိုင်ငံအတွက် ပထမဆုံးသော စနစ်များဖြစ်သည်။ တရုတ်နိုင်ငံမှ ဟွားဝေကုမ္ပဏီနှင့် ဇမ်ဘီယာအစိုးရတို့က ဇမ်ဘီယာနိုင်ငံအတွင်း ပြည်နယ် ၁၀ ခု၌ စမတ်ကျေးရွာပေါင်း ၁၀၀ ကို အကောင်အထည်ဖော်သွားရန် သဘောတူထားသည်။

ယခုကဲ့သို့ စမတ်ကျေးရွာ စီမံကိန်းများ ဖော်ဆောင်မှုကြောင့် ရွာသူရွာသားလေးသိန်းကျော်မှာ လျှပ်စစ်မီးရရှိကာ အင်တာနက်ကို အသုံးပြု နိုင်မည့်အပြင် အလုပ်အကိုင်နေရာပေါင်း ၅,၀၀၀ ကျော်ကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ဇမ်ဘီယာသမ္မတက ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့လာရောက်စဉ် ဇမ်ဘီယာနိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းမှု၌ တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများက ကူညီပံ့ပိုးပေးရန် ကတိကဝတ်များ ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ