မှတ်ပုံတင် နေ့ချင်းပြီး ရရှိမယ်လို့ ဗီနိုင်းကပ်ထားပေမယ့် လက်တွေ့မှာက ပိုက်ဆံများများပေးနိုင်သူမှသာ ပြုလုပ်ပေးနေဟုဆို

(ပြည်တွင်း) ဇူလိုင် ၈

မြို့နယ်လဝကရုံးမှာ မှတ်ပုံတင်နေ့ချင်းပြီး ရရှိမယ်လို့ ဗီနိုင်းကပ်ထားပေမယ့် လက်တွေ့မှာတော့ ပိုက်ဆံများများပေးနိုင်သူကိုသာ ပြုလုပ်ပေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်က ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

“ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့ လဝက ရုံးအတွင်းမှာ ဗီနိုင်းတွေနဲ့ ရိုက်ပြီးကပ်ထားတာက (က) အကြောင်းအရာ အချက်အလက် အမှန်အကန်ပြည့်စုံပါက နေ့ချင်းပြီး အခမဲ့ လို့ ကပ်ထားပါတယ် လက်တွေ့ မှာက ပိုက်ဆံများများပေးနိုင်သူမှသာ ပြုလုပ်ပေးနေပါတယ်” ဟုဒေသခံပြည်သူတစ်ဦးမှ PAN ကို ဆက်သွယ်ပြောဆိုလာတာဖြစ်ပါတယ်။

ပိုက်ဆံ မပေးနိုင်သူတွေကို ရက်ချိန်းအတိအကျမရှိပဲ အကြောင်းအမျိုးမျိုးပြော၍ ပြန်လွတ်နေတယ်လို့လည်း အဲ့ဒီဒေသခံကပြောပါတယ်။

“ပိုက်ဆံအဆင်မပြေသူတွေက ဆိုင်ကယ်မရှိလို့ ကယ်ရီငှားရင် ရွာကနေ မြို့ ပေါ်အထိဆိုရင် တစ်ခေါက်ကို ၁၅၀၀၀ ပေးရတယ်။ ၅ ခေါက် ၆ ခေါက် လောက်သွားရ ပါတယ်။ ငွေကြေးအကုန်ကျခံပြီး ရုံးကို ရောက်ရင်လဲ ဝန်ထန်တွေကသူတို့ လုပ်စာကိုထိုင်စားနေရသလိုမျက်နှာထားတွေလုပ်ထားပါတယ်” လို့ပြောပါတယ်။

ဒါကြောင့် ကျောင်းကုန်းမြို့ လဝက ရုံးကို အများပြည်သူတွေနဲ့ အထက်အရာရှိတွေသိရှိစေဖို့ အခုလိုပြောကြားရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက PAN ကိုဆက်သွယ်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

#PAN