ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ နယ်သာလန်အသင်း


(အားကစား) ဇူလိုင် ၈

ဇူလိုင်လ ၇ ရက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ တူရကီအသင်းတို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး တူရကီအသင်းကို ဖိအားပေး ကစားထား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၅ မိနစ်မှာ တူရကီအသင်းက ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် မိနစ် ၇၀ မှာတော့ နယ်သာလန်အသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်မှာ နယ်သာလန်အသင်းက own goal ရရှိခဲ့တာကြောင့် နယ်သာလန်အသင်းက တူရကီအသင်းကို ၂ ဂိုး၊ ၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် နယ်သာလန်အသင်းက ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ