တရားဝင်ပွဲဖြစ်သွားတဲ့ ဂျော့ရှုအာဗန်နဲ့ ချားစ်ဂျွန်ဆင်


(အားကစား) ဇူလိုင် ၈

ဂျော့ရှူအာဗန် နဲ့ ချားစ် ဂျွန်ဆင် တို့ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ တရားဝင်ကြေညာသွားခဲ့ပါတယ်။ ဇူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့မနက်မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်ဖွားချင်းလူမျိုး လူငယ်ဖိုက်တာ ဂျော့ရှူအာဗန် ဟာ UFC မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ၃ ပွဲ လုံးကို အနိုင်ရရှိခဲ့တဲ့ စံချိန်ကိုပိုင်ဆိုင်ထားပါတယ်။

ပြိုင်ဘက် ချားစ်ဂျွန်ဆင် က LFA ရဲ့ Flyweight တန်း ချန်ပီယံဖြစ်သလို ဂျော်ရှုဝါဗန် ကလည်း Fury FC Flyweight တန်းရဲ့ ချန်ပီယံဖြစ်ပါတယ်။

ချားစ်ဂျွန်ဆင် က ၁၅ ပွဲနိုင်၊ ၆ ပွဲရှုး မှတ်တမ်းပိုင်ဆိုင်ထားသူပြီး UFC မှာတော့ ၄ ပွဲနိုင်၊ ၄ ပွဲရှုးထားပြီး နောက်ဆုံး ၂ ပွဲကိုတော့ နိုင်ပွဲရရှိထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ