မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း မြေပြိုကျမှုဖြစ်၍ မော်တော်ယာဥ်သွားလာမှု ပြတ်တောက်


(ပြည်တွင်း) ဇူလိုင် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက်ပိုင်း ဧရာဝတီမြစ်ရေကြီး၍ ရေတက်မှုကြောင့် တီယန်ဇွပ်ရွာကြား ကားလမ်းပြိုကျမှုများဖြစ်ပေါ်ခဲ့သဖြင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း မြေပြိုကျမှုဖြစ်ကာ လမ်းပိုင်းပျက်ဆီးမှုများဖြစ်ပေါ်သွားကြောင်း သိရသည်။

ယင်းမြေပြိုကျ၍ လမ်းပိုင်းပျက်စီးကာ မော်တော်ယာဥ်သွားလာမှုပြတ်တောက်သွားခဲ့ရကြောင်း သိရသည်။

သက်ဆိုင်ရာမှ ပြုပြင်ဖောက်လုပ်ပြီးမှသာ လမ်းပန်းဆက်သွယ်ရေးအဆင်ချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ