ဟစ်ဇဘိုလာ သည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်အစင်း ၂၀၀ နှင့် ဒရုန်းများကို ပစ်ခတ်ခဲ့

(နိုင်ငံတကာ) ဇူလိုင် ၆

လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာ သည် ၎င်း၏ အကြီးတန်း တပ်မှူးတစ်ဦး သေဆုံးမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး မြောက်ပိုင်းသို့ ဒုံးကျည် ၂၀၀ ကျော်နှင့် ဒရုန်းများကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။

မီးလောင်မှု အများအပြား စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း ၎င်း၏ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ ၏စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ပစ်မှတ်များကို ပစ်မှတ်ထားကာပြန်လည်တိုက်ခိုက်ခဲ့သည်ဟုလည်း အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။

Houla မြို့တွင် အစ္စရေး ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန်မီဒီယာက ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ဒုံးပျံအလုံး ၁၀၀ ပါ၀င်သည့် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုသည် ကိုးလအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အလုံးစုံစစ်ပွဲအသွင်ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

လက်ဘနွန်တောင်ပိုင်း Tyre မြို့အနီးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ဟစ်ဇ်ဘိုလာတပ်မှူး Mohammed Nimah Nasser သည် ပဋိပက္ခတွင် သေဆုံးခဲ့ရသည့်အဖွဲ့၏ အကြီးတန်းရာထူးရှိပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

လက်ဘနွန်အနောက်တောင်ပိုင်းမှ ဒုံးကျည်များကို ပစ်လွှတ်ရန် တာဝန်ရှိသည့် ဟစ်ဇ်ဘိုလာ၏ Aziz Unit ကို Nasser က အမိန့်ပေးခဲ့ပြီး “အကြမ်းဖက်တိုက်ခိုက်မှု အများအပြားကို ညွှန်ကြားခဲ့သည်” ဟု အစ္စရေးစစ်တပ်က စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်လက တစ်ရက်တည်းနှင့် အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည် ၂၀၀ ကျော် ပစ်လွှတ်ခဲ့​သော

အခြားတပ်ဖွဲ့တစ်ခု၏ တပ်မှူး Taleb Sami Abdullah ၏ “မဟာမိတ်” အဖြစ်လည်း အစ္စရေးမှပြောဆိုခဲ့သည်။

အစ္စရေးနှင့် ဂါဇာရှိ ဟားမတ်စ်တို့ကြား စစ်ပွဲစတင်ပြီးနောက် အောက်တိုဘာ ၇ ရက်မှစပြီး အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။

အီရန်မှ ကျောထောက်နောက်ခံပြုထားသော ပါလက်စတိုင်းအဖွဲ့ကိုပါ ထောက်ပံ့ဖို့ လုပ်ဆောင်နေတယ်လို့ ဟဇ်ဘိုလာက ပြောပါတယ်။

အဆိုပါအဖွဲ့နှစ်ခုလုံးကို အစ္စရေး၊ ယူကေနှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားပါသည်။

ယခုအချိန်အထိ လက်ဘနွန်တွင် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရပြီး အများစုမှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများဖြစ်ပြီး အစ္စရေးတွင် ၂၅ ဦးသေဆုံးကာ အများစုမှာစစ်သားများဖြစ်ကြသည်။

အစ္စရေးနိုင်ငံ မြောက်ပိုင်းတွင် လုံခြုံရေး ပြန်လည်ထားရှိရန် အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu က ကတိပြုခဲ့သည်။

“လက်ဘနွန်ကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုမှာ ကျွန်တော်တို့ ချမှတ်ထားတဲ့ မူအရ – ကျွန်တော်တို့ကို အန္တရာယ်ပေးတဲ့သူက လူသေတွေဖြစ်ကုန်မှာပါပဲ။ အဲဒါကို လက်တွေ့မှာ လက်တွေ့ဖြစ်အောင် လည်းလုပ်နေပါတယ်” ဟု ၎င်းက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ရန်လိုမှုများကြောင့် အစ္စရေးမြောက်ပိုင်းနှင့် လက်ဘနွန်တောင်ပိုင်းရှိ နယ်စပ်နေအသိုင်းအဝိုင်းများမှ ထောင်နှင့်ချီသော လူများကို ရွှေ့ပြောင်းပေးခဲ့သည်။

“ခေါင်းဆောင် Hajj Abu Nimah [Nasser] လုပ်ကြံခံရမှုအတွက်တုံ့ပြန်မှုသည်မနေ့ညကစတင်ခဲ့သည်” ဟု ဟစ်ဇဘိုလာ၏ အကြီးတန်းအရာရှိ Hashem Safieddine ကဘေရွတ်ရှိ Nasser ၏ဈာပနတွင်ကြာသပတေးနေ့ကသတိပေးခဲ့သည်။

“ဒီတိုက်ခိုက်မှုတွေဟာ ရန်သူတွေထင်မထားတဲ့နေထာတွေကိုဆက်လက်ပစ်မှတ်ထားပါလိမ့်မယ်။”ဟုလဲပြောခဲ့ပါတယ်။

လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဖြစ်သည့် Unifil က  ယခုအခါ နယ်စပ်နှစ်ဖက်စလုံး ပွတ်တိုက်မှုများ ပိုမိုပြင်းထန်လာတာမို့ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အပေါ် ထိန်းထိန်းသိမ်းသိမ်းပြုမူကြ န် တောင်းဆိုခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ အဖြစ်အပျက်တစ်ခုက နားလည်မှုလွဲသွားရင် ပိုကြီးကျယ်တဲ့ အရာတစ်ခုအဖြစ် ကြီးထွားလာနိုင်တယ်” လို့ Kandice Ardiel က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

မကြာသေးမီရက်သတ္တပတ်များအတွင်း တင်းမာမှုများ လျော့နည်းလာစေရန် သံတမန်ရေးရာ ကြိုးပမ်းမှုများ ဖြင့်ပျာယာခတ်နေခဲ့ပြီး အီရန်နှင့် အခြားသော မဟာမိတ်အုပ်စုများပါ ပါဝင်လာနိုင်သောစစ်ပွဲ၏ ကပ်ဘေးဆိုးကျိုးများကို ကုလသမဂ္ဂနှင့် အမေရိကန်တို့က သတိပေးထားသည်။

သံတမန်ရေးအရ မအောင်မြင်ပါက စစ်ပွဲအတွက် အသင့်ဖြစ်နေပြီဟု အစ္စရေး တာဝန်ရှိသူများက အကြိမ်ကြိမ် သတိပေးထားသည်။ ကာကွယ်ရေးဝန်ကြီး Yoav Gallant က စစ်တပ်သည် မကြာမီ လက်ဘနွန်တွင် လိုအပ်သည့် မည်သည့် အရေးယူဆောင်ရွက်မှုကိုမဆို လုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ပြီးလိုအပ်သော သဘောတူညီမှုရယူရန် အသင့်ဖြစ်နေပြီဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်၏ သိသိသာသာ အင်အားသာလွန်သော အဖွဲ့အဖြစ် ရှုမြင်ခံထားရသည့် ဟစ်ဇ်ဘိုလာက အစ္စရေးနှင့် ဂါဇာရှိ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး မှန်သမျှကို လက်ဘနွန်မှ စောင့်ကြည့်သွားမည်ဟု ပြောကြားထားသည်။ သို့သော် စစ်ပွဲဖြစ်လာခဲ့ပါက စည်းမျဥ်းတွေမပါဘဲ တိုက်ခိုက်မည်ဟုလည်း အစ္စရေးကိုလည်း သတိပေးထားပါသည်။

ဇွဲ (Hydro)

#PAN